မိဘတွေ သတိထားဖို့၊ (၉)လအရွယ်ကလေး ရေပုံးထဲမှာခေါင်းစိုက် ရေနစ်သေနေတဲ့အဖြစ်

2019-07-27 16:26:57


မိဘတွေ သတိထားဖို့၊ (၉)လအရွယ်ကလေး ရေပုံးထဲမှာခေါင်းစိုက် ရေနစ်သေနေတဲ့အဖြစ်

အလုပ်မအားတဲ့ မိဘတွေဟာ ကလေးတွေကို နေ့ကလေးထိန်းဝန်ဆောင်မှုတွေမှာ အပ်နှံလေ့ ရှိကြပါတယ်။ အခုတော့ အသက်(၉)လအရွယ် ကောင်လေးတစ်ယောက်ဟာ နေ့ကလေးထိန်းဌာနရဲ့ သန့်စင်ခန်းထဲက ရေပုံးထဲမှာ ခေါင်းငိုက်စိုက်လျှက် သေဆုံးနေကြောင်း သိရပါတယ်။

ဒါဟာ အဓိကအားဖြင့်တော့ နေ့ကလေးထိန်းဝန်ထမ်းတွေရဲ့ ပေါ့လျှော့မှုပါဘဲ။ အခုဖြစ်ပျက်ခဲ့တဲ့ နေ့ကလေးထိန်းစင်တာဟာ မလေးရှားနိုင်ငံ၊ Shah Alam မြို့၊ အပိုင်း (၃၂)မှာ တည်ရှိပါတယ်။ ကလေးဟာ ဖင်ဒရွတ်သွားလို့ကောင်းတဲ့ အရွယ်ဖြစ်ပြီး-


အားလုံးသတိမထားမိချိန်မှာ ကလေးဟာ သန့်စင်ခန်းထဲကို ကလေးဘာသာဘာဝ ရောက်သွားပုံရပြီး၊ ရေပုံးကိုမြင်တော့ ဆော့ခဲ့ပုံရပါတယ်။ ဒီလိုနဲ့ ဦးခေါင်းငိုက်စိုက်ကျသွားပြီး၊ ဘယ်သူမှ ကူသူကယ်သူမရှိဘဲ၊ ရေတိမ်နစ်ကာ သေဆုံးခဲ့ရ ရှာတာပါ။ ဒီအဖြစ်အပျက်ဟာ ဇူလိုင် (၂၄)မှာ ဖြစ်ခဲ့တာပါ။

စင်တာတာဝန်ရှိသူတွေက ကလေးမှာ အသက်ငွေ့ငွေ့ရှိသေးလို့ Tengku Ampuan Rahimah Hospital (HTAR)  ကို သွားရောက်ခဲ့ကြပေမယ့် ကလေးကို မကယ်ဆယ်နိုင်ခဲ့ပါဘူး။ ကလေးဟာ ညနေ (၄)နာရီမှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ကို တွေ့ချိန်က နေ့လည် (၁.၄၅)နာရီပါ။


ကလေးရဲ့မိဘတွေဟာ ကိုယ်စီအလုပ်ရှိသူများဖြစ်လို့ ကလေးကို ဒီစင်တာကို လာရောက်အပ်နှံခဲ့တာ (၁၀)ရက်သာ ရှိပါသေးတယ်။ ကလေးထိန်းခအတွက် ရင်းဂစ်(၃၀၀)ပေးခဲ့ရတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ စင်တာတာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးကြောင်း သိရပါတယ်။


လင်းဇော်ကို (D Nae Thit)

source : World Of Buzz