ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ရှိမှ မမလို့ခေါ်ထိုက်တာ ဆိုတဲ့ မေပန်းချီ

2020-03-24 12:48:19


ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ရှိမှ မမလို့ခေါ်ထိုက်တာ ဆိုတဲ့ မေပန်းချီ

ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ရှိမှ မမလို့ခေါ်ထိုက်တာ ဆိုတဲ့ မေပန်းချီ


ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်းနဲ့ အကိတ်တစ်လိုင်းဖြစ်တဲ့ မော်ဒယ် သရုပ်ဆောင် မေပန်းချီ တစ်ယောက်ကတော့ လက်ရှိမှာ ပရိသတ် အခိုင် အမာရရှိထားသလို အနုပညာတွေ လုပ်နေရင်း စီးပွားရေးတွေလည်း လုပ်နေတဲ့ သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မေပန်းချီကတော့ ပွင့်ပွင့်လင်းလင်း‌ ပြောတတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဒဲ့ပြောတတ်တာတွေကြောင့်လည်း ပရိသတ်တွေက အားပေးနေကြတာ ဖြစ်ပါတယ်။


မေပန်းချီကတော့ ဖေ့ဘုတ်ပေါ်မှာ အမြဲတမ်းလိုလို Status လေးတွေ တင်လေ့ရှိပြီး အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ဇဝေဇဝါ ဖြစ်အောင် အမြဲတမ်းလုပ်နေကြ ဖြစ်ပါတယ်။ မေပန်းချီကတော့ လက်ရှိမှာလည်း သူ့အနေနဲ့ ဖေ့ဘုတ်အကောင့်မှာ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်တဲ့ ပုံလေးတွေနဲ့အတူ စာလေးရေးပြီး တင်ထားတာ ဖြစ်ပါတယ်။


မေပန်းချီကတော့ "မမ လို့ခေါ်ချင်တိုင်း အခေါ်ခံရတာမဟုတ်ဘူး မောင်လေး မမ လို့ ခေါ်ထိုက်ဖို့ ထွားထွားကြိုင်းကြိုင်း ပြည့်ပြည့်ဝဝလေးတော့ဖြစ်ဖို့လိုတာပေါ့ ပြောသာပြောရတယ် မမ လဲဝူဟန်ကြောက်တယ် မောင်လေး" ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ မေပန်းချီကတော့ မမ လို့ ခေါ်ဖို့အတွက် ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်လေးတော့ လိုတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။


လက်ရှိခေတ်ကြီးထဲမှာတော့ မမ တွေကတော့ ခေတ်စားနေပြီး ပိန်ပိန်ညောင်ညောင်နဲ့ မမ လုပ်နေရင်တော့ အဆင်မပြေဘူးနော်။ မေပန်းချီ ပြောသလို ထွားထွားကြိုင်းကြိုင်းလေးတွေမှ မမ လို့ခေါ်ထိုက်တာ သေချာပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း မေပန်းချီရဲ့ ပြောစကားကို သဘောတူကြလား မသိဘူး။