နိုင်ငံခြားကပြန်လာသူတွေကိုစောင့်ကြည့်နေတဲ့ ဓမ္မဒူတကျောင်းတိုက်ကို အဝင်အထွက်ပိတ်

2020-03-24 12:20:25


နိုင်ငံခြားကပြန်လာသူတွေကိုစောင့်ကြည့်နေတဲ့ ဓမ္မဒူတကျောင်းတိုက်ကို အဝင်အထွက်ပိတ်

နိုင်ငံခြားကပြန်လာသူတွေကိုစောင့်ကြည့်နေတဲ့ ဓမ္မဒူတကျောင်းတိုက်ကို အဝင်အထွက်ပိတ်


မှော်ဘီမြို့နယ်၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ စောင့်ကြည့်ထားတဲ့ လူနာတစ် ယောက်မှာ ကိုဗစ်(COVID-19) ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အတွင်း၊ အပြင်၊ အဝင်၊ အထွက်တွေကို ပိတ်လိုက်ပြီလို့ ဆရာတော် အရှင်ဆေကိန္ဒက ဒီနေ့မတ်လ(၂၄)ရက်နေ့မှာ မိန့်ကြားလိုက်ပါတယ်။

အဲဒီကျောင်းတိုက်မှာ စောင့်ကြည့်လူနာ(၁၀၇)ယောက်ကို (၆)ယောက်ခန်း၊ (၄)ယောက်ခန်း၊ (၂)ယောက် ခန်းတွေနဲ့ သီးခြားစောင့်ကြည့်ပြီးနောက် မနေ့ညက(၆)ယောက်ခန်းက လူနာတစ်ယောက်မှာ ကိုရိုနာဗိုင်း ရပ်စ်တွေ့ရှိခဲ့တာပါ။


"ပြန်ပြီးတော့ ရောဂါပျောက်ကင်းနိုင်ပါတယ်။ ဝေယျာဝစ္စလုပ်တဲ့ သူတွေနဲ့ ဒီစောင့်ကြည့်လူနာတွေနဲ့လည်း ထိတွေ့ဆက်ဆံတာမရှိခဲ့ပါဘူး။”လို့ ဆရာတော်အရှင်ဆေကိန္ဒက မိန့်ကြားပါတယ်။


အဲဒီလို အဝင်၊ အထွက်တွေကိုပိတ်ဖို့ မနေ့က ဆရာတော်တွေအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနကလည်း လိုက်လျောခဲ့တယ်လို့ သိရပါတယ်။