အပြင်မထွက်ရလို့ Cyprus မှာ ခွေးကို ဒရုန်းနဲ့လွှတ်ပြီး ကျောင်းနေရတဲ့အဖြစ်

2020-03-24 10:35:14


အပြင်မထွက်ရလို့ Cyprus မှာ ခွေးကို ဒရုန်းနဲ့လွှတ်ပြီး ကျောင်းနေရတဲ့အဖြစ်

အပြင်မထွက်ရလို့ Cyprus မှာ ခွေးကို ဒရုန်းနဲ့လွှတ်ပြီး ကျောင်းနေရတဲ့အဖြစ်


လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ရောဂါကြောင့် နိုင်ငံတော်တော်များများမှာ လူတိုင်းနီးပါးဟာ အိမ်ထဲက အိမ်အပြင်ကို မထွက်ပဲနဲ့ အိမ်ထဲမှာပဲ နေကြတာ ဖြစ်ပါတယ်။



ဘာကြောင့်လဲဆိုတော့ COVID 19 ကူးစက်ရောဂါကို ထိန်းချုပ်နိုင်တဲ့ဆေး မပေါ်သေးတာကြောင့် ရောဂါတွေထပ်ပြီး မကူးစက်အောင် နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေက သူတို့ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ မေတ္တာရပ်ခံထားတာပဲ ဖြစ်ပါတယ်။ ဒီလိုအိမ်ထဲကအိမ်အပြင် ထွက်လို့မရတာကြောင့် အမျိုးသားတစ်ယောက်ဟာ သူ့ခွေးကို Drone နဲ့ထိန်းချုပ်ပြီး လမ်းလျှောက်ထွက်ခိုင်းခဲ့ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။



Cyprus နိုင်ငံရှိ Vakis Demetriou လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ခွေးကို အပြင်ထွက်ပြီး ခွေးကျောင်းဖို့ Drone ကို အသုံးပြုခဲ့ပါတယ်။ ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း ခွေးကလေးကတော့ Drone သွားတဲ့ လမ်းကြောင်းအတိုင်းအေးအေးဆေးဆေး လမ်းလျှောက်နေတာပဲ ဖြစ်ပါတယ်။ ခွေးကလေးထွက်မပြေးအောင်လို့လည်း ခွေးကလေးရဲ့ လည်ပတ်ကြိုးကို Drone ရဲ့ ကိုယ်ထည်မှာ ချည်ထားခဲ့တာပဲ ဖြစ်ပါတယ်။


“ ကျွန်တော်တို့ လူသားတွေကတော့ အိမ်ထဲမှာ နေရင်းနဲ့ အပန်းဖြေလို့ရတာ အများကြီးပဲ။ သူတို့လေးတွေကျတော့ အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်မှ နေသာထိုင်သာရှိပြီး ကျန်းမာရေးက ကောင်းတာဗျ။ အိမ်အပြင်လည်း မထွက်ချင်တာနဲ့ အခုလို Drone လေးသုံးပြီး ကျွန်တော့်ခွေးကလေးကို ဟိုနားဒီနား လမ်းလျှောက်ခိုင်းခဲ့တာပါ” လို့ Vakis က ပြောပြခဲ့ပါတယ်။ ဗီဒီယိုဖိုင်ကိုတော့ “5th day quarantine: Stay home safe but don’t forget your dog’s happiness” ဆိုတဲ့ ခေါင်းစဉ်နဲ့ Vakis ကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာပဲ ဖြစ်ပါတယ်။