(၇)နှစ်အရွယ်ကလေးမလေးကို မဆီမဆိုင် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီး

2020-03-24 09:59:23

(၇)နှစ်အရွယ်ကလေးမလေးကို မဆီမဆိုင် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီး

(၇)နှစ်အရွယ်ကလေးမလေးကို မဆီမဆိုင် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီး

အသက်(၇)နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးမလေးတစ်ဦးကို သူစိမ်းအမျိုးသမီးတစ်ယောက်က မဆီမဆိုင် ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူနဲ့ ကလေးမလေးရဲ့ မိသားစုတို့ဟာ တစ်ကြိမ်မှာလည်း ပတ်သက်ဖူးခြင်းလည်း မရှိသလို၊ ရန်ညှိုးရန်စလည်း မရှိပါဘူး။ ဒီအမျိုုးသမီးက ပန်းခြံထဲမှာ တွေ့ရတဲ့ ဒီကောင်မလေးကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ မတ်လ (၂၂)ရက်နေ့ ဘော်လ်တန်မြို့က Queen Park မှာ ညနေပိုင်း (၂.၃၀)နာရီမှာ ဖြစ်ခဲ့တာပါ။ Assistant Chief Constable အဖြစ်-

တာဝန်ထမ်းဆောင်နေတဲ့ Russ Jackson က အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံသူရဲ့ မိသားစုနဲ့ထပ်တူ ကိုယ်ချင်းစာ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက်အတွက် ဒီတိုက်ခိုက်ခံရမှုဟာ ဘယ်လိုမှ မမျှတ မထိုက်တန်သလို၊ တိုက်ခိုက်သူဘက်ကိုလည်း ဘယ်လိုမှ ခွင့်လွှတ်နားလည်ပေးလို့ မရဘူးလို့ ပြောပါတယ်။ ကလေးမလေးဟာ ထင်မှတ်မထားဘဲ ကျပန်းရွေးချယ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူမှာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမကို အခင်းဖြစ်နေရာနဲ့ မနီးမဝေးမှာပဲ ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ရာကို အရေးပေါ် ရဟတ်ယာဉ် ရောက်လာခဲ့ပါတယ်။

လာရောက်ကူညီခဲ့တဲ့ ရဟတ်ယာဉ်ကတော့ North West Air Ambulance ဝန်ဆောင်မှုအဖွဲ့မှဖြစ်ပြီး၊ အရင်ဆုံး CPR နည်းနဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာ ကလေးမလေးမှာ တိမ်းပါးခဲ့ပါတယ်။ လောလောဆယ်တော့ အခင်းဖြစ်တဲ့ ပန်းခြံကို ပိတ်ထားပါတယ်။

လင်းဇော်ကို (D Nae Khit)