စောင်တွေချည်ပြီး ဝရံတာကနေ တွယ်ဆင်းတဲ့ (၁၉)နှစ်အရွယ် ကောင်မလေး၊ အဖြစ်ဆိုးကြုံ

2020-03-23 21:32:25


စောင်တွေချည်ပြီး ဝရံတာကနေ တွယ်ဆင်းတဲ့ (၁၉)နှစ်အရွယ် ကောင်မလေး၊ အဖြစ်ဆိုးကြုံ

စောင်တွေချည်ပြီး ဝရံတာကနေ တွယ်ဆင်းတဲ့ (၁၉)နှစ်အရွယ် ကောင်မလေး၊ အဖြစ်ဆိုးကြုံ


အသက်(၁၉)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ မွေးနေ့မှာ သောက်စားအောင်ပွဲခံဖို့အတွက် အရက်ဘီယာ ဝယ်ဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အောက်က လုံခြံရေးလှေကားဖွင့်လှစ်ချိန်ကို မစောင့်ဘဲ ဝရံတာကနေ စောင်တွေ အဆက်ဆက်ချည်ပြီး တွယ်ဆင်းခဲ့ပါတယ်။ ကောင်မလေးရဲ့အမည်ကတော့ Tatiana လို့ သိရပါတယ်။ သူမဟာ ရုရှားနိုင်ငံ၊ အနောက်တောင်ပိုင်း Perm Krai ပြည်နယ်၊ Chaykovsky က တက္ကသိုလ်မှာ ကျောင်းတက်ရောက်နေသူလေးပါ။ တက္ကသိုလ်က ပေးတဲ့အဆောင်မှာ နေရသူဖြစ်လို့ ဝင်ခွင့်ထွက်ခွင့်ကလည်း ကန့်သတ်ထားပါတယ်။


Newsflash


ဒါကြောင့် သူမဟာ လုံခြုံရေးက တံခါးဖွင့်ပေးချိန်ကိုမစောင့်ဘဲ (၄)လွှာရှိတဲ့ အဆောင်အမြင့်ဆုံးအလွှာကနေ တွယ်ဆင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ထားတဲ့ စောင်တွေက မမြဲဘဲ၊ ပျက်ကျပြီးနောက် Tatiana တစ်ယောက် ကံဆိုးခဲ့ရပါတယ်။ Tatiana ဟာ မတ်လ(၁၁)ရက်နေ့မှာ အသက်(၁၉)နှစ် ပြည့်ခဲ့တာပါ။ ဒါပေမယ့် အခင်းဖြစ်တဲ့ညဟာ မတ်လ (၁၀)ရက်နေ့ညဖြစ်ပြီး၊ သူမရဲ့မွေးနေ့ ရောက်မယ့်အချိန်ကို မစောင့်ဘဲ အိပ်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့ ကဲဖို့ အရက်ဘီယာ ဆင်းဝယ်ခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။


Newsflash


သူမဟာ အပေါ်ဆုံးအလွှာကနေ တတိယအလွှာအထိ အောင်မြင်စွာ ဆင်းနိုင်ခဲ့သော်လည်း၊ တတိယအလွှာကိုအရောက်မှာ ဆက်ထားတဲ့စောင်အထုံးက ပြုတ်သွားခဲ့တာ ဖြစ်ပါတယ်။ အနီးအနားမှာ ရှိနေသူတွေက အုန်းခနဲအသံကို ကြားလိုက်ရပြီးနောက် အပြင်ကို ထွက်ကြည့်ရာ Tatiana က သွေးအိုင်ထဲမှာ လဲကျနေပါပြီ။ လူနာတင်ကား အမြန်ဆုံး ခေါ်ပေးခဲ့ကြပေမယ့် Tatiana  တစ်ယောက် ဆေးရုံရောက်လို့ အရေးပေါ်ကုသခန်းမှာ နာရီအနည်းငယ်ကြာ ကုသမှုခံယူရင်း အသက်သေဆုံးခဲ့ရပါတယ်။ Tatiana  သေဆုံးခြင်းကြောင့် သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေက လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)