အစုလိုက် အပြုံလိုက်နေနေတဲ့ တရုတ်နိုင်ငံသားအားလုံး တရုတ်ပြည်ပြန်ပို့မယ်

2020-03-23 21:14:31


အစုလိုက် အပြုံလိုက်နေနေတဲ့ တရုတ်နိုင်ငံသားအားလုံး တရုတ်ပြည်ပြန်ပို့မယ်

အစုလိုက် အပြုံလိုက်နေနေတဲ့ တရုတ်နိုင်ငံသားအားလုံး တရုတ်ပြည်ပြန်ပို့မယ်


သင်္ဃန်းကျွန်းတွင် တရားမဝင်နေထိုင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၁၁၈ ယောက်လုံး တရုတ်နိုင်ငံကို ပြန်တော့မယ်လို့ သဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ မတ်လ ၂၁ ရက်နေ့ ညပိုင်းကဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၁၁၈ ယောက်ထဲက ၉၀ လောက်ဟာ နိုင်ငံခြားသားတွေ အိမ်ဌားနေထိုင်တဲ့အခါ မဖြစ်မနေဖြည့်စွက် လျှောက်ထားရမယ့် Form C ပုံစံ (ဂ) မဖြည့်သွင်းဘဲ နေထိုင်နေတာကို သိရှိတဲ့အတွက် ၁၈ ယောက်ကို ပထမအသုတ်အနေနဲ့ ပို့လိုက်ပြီလို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

“တရုတ်တွေက ဒီနေ့ ယောကျာၤးလေး ၁၄ ယောက်၊ မိန်းခလေး လေးယောက်၊ ၁၈ ယောက် ပြန်သွားပါပြီ၊ လေယာဉ် အခက်အခဲကြောင့်ပါ၊ Form C မတင်တဲ့လူတွေကို အသုတ်လိုက် အသုတ်လိုက် ကျနော်တို့ ပြန်ပို့မှာပါ၊ Form C တင်ထားတဲ့လူတွေကလည်း သူတို့လည်း မနေ့ချင်တော့ဘူး ပြောလို့ အားလုံးပြန်ဖြစ်သွားပါပြီ” ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ၁၄ ရက်စောင့်ကြည့်မှာ မဟုတ်တော့ဘဲ လေယာဉ်လက်မှတ် ရတဲ့အပေါ်မူတည်ပြီး လူဦးရေခွဲလွှတ်သွားမယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။


ရန်ကုန်သစ်ရပ်ကွက် နှင်းဆီးနီလမ်းမှာ တရုတ်နိုင်ငံသား ၂၂ ယောက်နဲ့ ပန်းဝါလမ်းမှာ ၁၀ ယောက်ပဲ ခွင့်ပြုထားပေမယ့် မတ်လ ၂၁ ရက်နေ့က စစ်ဆေးချိန်မှာ ၁၁၈ ယောက်ဖြစ်နေပြီး အစုလိုက် အပြုံလိုက် နေထိုင်နေကြပါတယ်။ လေဆိပ်ကနေ တရားဝင်ဗီဇာနဲ့ ဝင်လာတာဖြစ်ပေမယ့် ရပ်ကွက်အတွင်း နေထိုင်ခွင့်ပြုထားတာ မရှိသေးပါဘူး။ အဲဒီအိမ် နှစ်အိမ်လုံးဟာ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တာဖြစ်ပါတယ်။

RFA Burmese