၁၆နှစ်အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရှိအမျိုးသားက ခြင်ထောင်တွင်းဝင်၍ သားမယားပြုကျင့်ရန် ကြံစည်

2020-03-23 15:17:29


၁၆နှစ်အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရှိအမျိုးသားက ခြင်ထောင်တွင်းဝင်၍ သားမယားပြုကျင့်ရန် ကြံစည်

၁၆နှစ်အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရှိအမျိုးသားက ခြင်ထောင်တွင်းဝင်၍ သားမယားပြုကျင့်ရန် ကြံစည်


တစ်ရွာတည်းနေ အိမ်ထောင်ရှိအမျိုးသားမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးအား သားမယားပြုကျင့်ရန် ကြံစည်သည်ဟုဆိုက မတ်လ ၂၂ ရက်နေ့၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကင်းမတီးအောက်ရွာတွင် ဖခင်ဖြစ်သူ အလုပ်သွားနေစဉ် ၎င်း၏သမီးငယ်အား ရွာရှိသမီးအကြီးနေအိမ်တွင် ပို့ဆောင်ထားရာမှ မတ်လ ၂၀ ရက်နေ့က သမီးကြီးမှ ဖခင်အား ရွာသို့အရေးကြီးသဖြင့် အမြန်ပြန်လာရန် ပြော၍ ရွာပြန်ရောက်စဉ် သမီးကြီးမှ ညီမဖြစ်သူအား တစ်ရွာတည်းနေ ငြိမ်းခန့်ကျော်က သားမယားပြုကျင့်ရန် ကြံစည်ကြောင်း ပြောပြသိခဲ့ရကြောင်း ဆိုသည်။


ဖခင်မှ သမီးငယ်ဖြစ်သူအား အကျိုးအကြောင်း မေးမြန်းခဲ့ရာ ၎င်းသည် မတ်လ ၁၈ရက်နေ့ ညပိုင်းက ရွာထဲရှိသူငယ်ချင်းဖြစ်သူနေအိမ်သို့ ညအိပ်သွားခဲ့ကြောင်း၊ ထိုနေညက အဆိုပါနေအိမ်သို့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာစံပြကျေးရွာ၌ သွားရောက်အလုပ်လုပ်နေသည့် တစ်ရွာတည်းနေ ငြိမ်းခန့်ကျော်တို့ လင်မယားနှစ်ဦးမှာလည်း အလည်ရောက်ရှိညအိပ်ခဲ့ရာ ည ၁၁နာရီခန့်တွင် ၎င်းနှင်သူငယ်ချင်းဖြစ်သူနှစ်ဦး အိမ်အပေါ်ထပ် ခြင်ထောင်တွင်း အိပ်ပျော်နေစဉ် ငြိမ်းခန့်ကျော်မှာ ခြင်ထောင်တွင်းဝင်ရောက်ကာ ၎င်းအား အပေါ်မှတက်ခွ၍ သားမယားပြုကျင့်ရန် ကြံစည်နေစဉ် ရုန်းကန်ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပြောပြသိရသဖြင့် ငြိမ်းခန့်ကျော်အား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတိုင်ကြားချက်မှ စုံစမ်းသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းခန့်ကျော် ၄၆နှစ်အား ဥက္ကံနယ်မြေရဲစခန်းမှ (ပ)၉၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ Top Phoenix Media Group