တောကြောင်ရိုင်းနဲ့ စပါးကြီးမြွေတို့ရဲ့ နိုင်သူစားစတမ်း အသက်လုတိုက်ပွဲ

2020-03-23 11:35:45


တောကြောင်ရိုင်းနဲ့ စပါးကြီးမြွေတို့ရဲ့ နိုင်သူစားစတမ်း အသက်လုတိုက်ပွဲ

တောကြောင်ရိုင်းနဲ့ စပါးကြီးမြွေတို့ရဲ့ နိုင်သူစားစတမ်း အသက်လုတိုက်ပွဲ


အာဂျင်တီးနားနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ Salta ပြည်နယ်၊ Las Lajitas အမည်ရ မြို့ငယ်လေးနဲ့ မဝေးလှတဲ့ တောအုပ်အနီးမှာ ကြောင်ရိုင်းတစ်ကောင်နဲ့ စပါးကြီးမြွေတစ်ကောင်တို့ရဲ့ အသက်လုတိုက်ပွဲဟာ အတော်လေးကို ပြင်းထန်ပါတယ်။ သားရိုင်းတိရစ္ဆာန်များ ဖြစ်ကြသည့်အလျှောက် သူ့အသက်ကို လုနိုင်မှသာ အနိုင်အရှုံးက ကွဲပြားမှာမို့ လူတွေလို ညှာတာမှုမရှိ၊ ရေကုန်ရေခမ်း တိုက်ခိုက်နေတာပါ။


တောကြောင်ရိုင်းသာဆိုပေမယ့် အကောင်အလွန်ငယ်တဲ့ ကြောင်ရိုင်းမျိုးပါ။ ဒါပေမယ့် သူဟာ လျှင်မြန်ပြီး တော်ရုံသတ္တဝါတွေကိုတော့ ခဏလေးအနိုင်ပိုင်းနိုင်တဲ့ ကြောင်မျိုးဖြစ်ပါတယ်။ မျက်မြင်အရတော့ ဒီကြောင်ရိုင်းဟာ စပါးကြီးမြွေကြီးရဲ့အစာဖြစ်ဖို့ သေချာသလောက်ပါဘဲ။ ဒီအဖြစ်အပျက်ကို လမ်းသွားလမ်းလာ အမျိုးသားနှစ်ယောက်က မြင်တွေ့ခဲ့တာပါ။


ကြောင်ရိုင်းအနေနဲ့တော့ အတော်လေးကို အခြေအနေမဟန်တော့တဲ့ အနေအထားပါ။ ဒါကြောင့် မျက်မြင်တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ယောက်ဟာ ကြောင်ရိုင်းကို အတင်းညှစ်ထားတဲ့ စပါးကြီးမြွေကြီးရဲ့လက်အောက်ကနေ လွတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီကြောင်ရိုင်းကို ကျားသစ်နဲ့နီးနီးစပ်စပ် တူလို့ဆိုပြီး Jaguarundi လို့ ခေါ်ပါတယ်။


Jaguarundi တွေဟာ အလွန်ရှားပါးသွားပြီဖြစ်ပြီး (၂၀၀၂)ခုနှစ်ကတည်းက ကမ္ဘာမြေကြီးပေါ်ကနေ အမြန်ပျော်ကွယ်သွားနိုင်တဲ့ သတ္တဝါစာရင်းမှာ ထည့်သွင်းခံထားရပါတယ်။ အခုအခါမှာတော့ အရွယ်အစားချင်းလည်း မမျှလို့ ကြောင်ရိုင်းဟာ လွတ်မြောက်ရေး တဂီးဂီးအော်နေခဲ့တာပါ။ ဒါကြောင့် အနီးအနားက အမျိုးသားနှစ်ယောက်က စပါးကြီးကို ခက်ခက်ခဲခဲ ဖြုတ်ပြီး ကြောင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။


ဒီဒေသမှာ စပါးကြီးတွေက ပေါများတဲ့အတွက် သူတို့နှစ်ဦးအနေနဲ့ မြွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ သိတယ်လို့ ဆိုပါတယ်။ အခုအဖြစ်အပျက်ကလည်း Las Lajitas မြို့အနီးက လမ်းတစ်ခုမှာ ဖြစ်ခဲ့တာမို့ အဆိုပါ ဒေသအနေနဲ့ လူအလွန်နီးတဲ့ နေရာတွေမှာတောင် သားရိုင်းတိရစ္ဆာန်တွေ ရောက်လာနိုင်တယ်ဆိုတာ မြင်သာစေမှာပါ။ ဒီမြို့နဲ့ မိုင်အနည်းငယ်အကွာမှာ အလွန်ထူထပ်တဲ့ တောအုပ်ကြီးလည်း ရှိပါတယ်။



ဘာသာပြန်-လင်းဇော်ကို