အများသုံးရေကူးကန်မှာ ရေကူးတဲ့အမျိုးသမီးများ၊ ကိုယ်ဝန်ရနိုင်ဟု အမျိုးသမီးတစ်ဦးသတိပေး

2020-03-22 23:05:41


အများသုံးရေကူးကန်မှာ ရေကူးတဲ့အမျိုးသမီးများ၊ ကိုယ်ဝန်ရနိုင်ဟု အမျိုးသမီးတစ်ဦးသတိပေး

အများသုံးရေကူးကန်မှာ ရေကူးတဲ့အမျိုးသမီးများ၊ ကိုယ်ဝန်ရနိုင်ဟု အမျိုးသမီးတစ်ဦးသတိပေး


အင်ဒိုနီးရှားနိုင်ငံ၊ ကလေးသူငယ် အခွင့်ရေးဆိုင်ရာအဖွဲ့အစည်း အကြီးအကဲဖြစ်သူ ဆစ်တီဟစ်မာဝတီအမည်ရ အမျိုးသမီးက အငြင်းပွားဖွယ်ရာ သတိပေးမှုတစ်ခုကို ပြုလုပ်ခဲ့တာကြောင့် အများဝေဖန်တာကို ခံနေရပါတယ်။ သူမရဲ့အဆိုအရ အမျိုးသမီးတွေအနေနဲ့ အများသုံးရေကူးကန်မှာ ရေကူးပါက ကိုယ်ဝန်ရနိုင်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ မမှန်ကန်တဲ့အယူအဆလို့ ဝေဖန်ခံနေရပါတယ်။

ဆစ်တီဟစ်မာဝတီရဲ့ အဆိုအရတော့ ကျန်းမာသန်းစွမ်းတဲ့ သုတ်ပိုးတွေဟာ ရေထဲမှာ ရှိနေနိုင်တာကြောင့် အမျိုးသမီးတွေ မတော်တဆ ကိုယ်ဝန်ရနိုင်တယ်လို့ ပြောချင်တာပါ။ အမျိုးသားတွေကလည်း မသင့်တော်တဲ့သဘောထားတဲ့ ရေကန်ထဲမှာ သုတ်လွှတ်နိုင်တယ်လို့ သူမက ပြောပါတယ်။ တကယ်တော့ ဒါဟာ တမင်သက်သက် အစိုးရိမ်လွန်တာလည်း ဖြစ်နိုင်သလို-အခုခေတ် နာမည်ကြီးနေတဲ့ အတန်းရှင်းရှာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆစ်တီဟစ်မာဝတီရဲ့ကတော့ အမျိုးသမီးတွေအနေနဲ့ သီခြားရေကူးကန်မျိုးမှာ ရေကူးသင့်ကြောင်း သတိပေးပြီး၊ အမျိုးသားတွေနဲ့ ရောထွေးရေကူးတာမျိုး တက်နိုင်သလောက် ရှောင်ကြဖို့ ပြောခဲ့ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးဟာ ရေထဲမှာ အချိန်အကြာကြီး အသက်ရှင်နေနိုင်တယ်လို့ ဆိုပါတယ်။


ဘယ်လိုလူမျိုးတွေ ကိုယ်ဝန်ရနိုင်သလဲဆိုရင် အရွယ်ရောက်ပြီးကာစ အမျိုုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ လုံလောက်နေပြီဖြစ်တဲ့ အမျိုးသမီးတွေဖြစ်ကြောင်း သူမက သတိပေးခဲ့တာပါ။ ဒါဟာ တစ်ခါမှ ချစ်တင်းနှောခြင်းမရှိဘဲ ကိုယ်ဝန်ရသွားနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့လည်း ဆစ်တီက အခိုင်အမာဆိုပါတယ်။ ဆစ်တီဟာ ndonesia’s Child Protection Commission (KPAI) မှာ ကျန်းမာရေးကော်မရှင်နာတစ်ဦးပါ။ ဆစ်တီဟာ မကြာသေးခင်ကလည်း သတင်းမှာတစ်ခုကို ပြောဆိုခဲ့ဖူးပါသေးတယ်။ သူမပြောတဲ့ သတင်းအမှားကတော့ အမေရိကန်မှာ PMS လို့ခေါ်တဲ့ အခြေအနေကို ရင်ဆိုင်နေတဲ့ အမျိုးသမီးတစ်ဦးဦး လူသတ်မှုကျူးလွန်ခဲ့ရင် ပြစ်မှုမမြောက်ဘူးလို့ ဆိုခဲ့တာပါ။ PMS ဆိုတာ Premenstrual syndrome (PMS) ကို ခေါ်ခြင်းဖြစ်ပြီး၊ အမျိုးသမီးများ ရာသီမဖြစ်ပေါ်မီမှာ စိတ်ဂယောက်ဂယက်ဖြစ်တဲ့ အခြေအနေကို ဆိုလိုပါတယ်။



အဲဒီသတင်းအမှားကြောင့်လည်း ဆစ်တီဟာ အများဝေဖန်တာခံခဲ့ရခဲ့ဖူးပါတယ်။ အခု ရေကူးရုံနဲ့ ကိုယ်ဝန်ရနိုင်ကြောင်း သူမရဲ့အဆိုကို ဆေးဘက်ဆိုင်ရာပညာရှင်တွေက ကန့်ကွက်ခဲ့ပါတယ်။ Indonesian Doctors Association (IDI) အမှုဆောင်ပါမောက္ခ ဒေါက်တာ Nazar က Antara သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ-” ဒါက လုံးဝ မဖြစ်နိုင်ပါဘူး … ရေကူးကန်ထဲမှာ ကလိုရင်းနဲ့ တစ်ခြားဓာတ်တွေ ပါဝင်ပါတယ် … ဒီတော့ အမျိုးသားရဲ့သုတ်ပိုးဟာ ရေထဲမှာ ရှင်သန်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး … “လို့ ချေပပြောကြားခဲ့ပါတယ်။ တစ်ခြားဒေါက်တာတွေကလည်း တကယ်လို့ ရေထဲမှာ သုတ်ပိုးက ရှင်သန်နိုင်ခဲ့ရင်တောင်မှ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရစေဖို့ လုံးဝကို မလွယ်ကူကြောင်း ဖြေရှင်းခဲ့ပါတယ်။



ဘာသာပြန်-လင်းဇော်ကို