ကူးစက်ခံရသူမြင့်တက်ပြီး နှစ်ဦးသေဆုံးပြီးနောက် စင်ကာပူနိုင်ငံကို အလည်အပတ်လာရောက်ခွင့် ပိတ်လိုက်ပြီ

2020-03-22 17:22:40


ကူးစက်ခံရသူမြင့်တက်ပြီး နှစ်ဦးသေဆုံးပြီးနောက် စင်ကာပူနိုင်ငံကို အလည်အပတ်လာရောက်ခွင့် ပိတ်လိုက်ပြီ

ကူးစက်ခံရသူမြင့်တက်ပြီး နှစ်ဦးသေဆုံးပြီးနောက် စင်ကာပူနိုင်ငံကို အလည်အပတ်လာရောက်ခွင့် ပိတ်လိုက်ပြီ

 

COVID-19 ရဲ့ ရောဂါကူးစက်မှုနှုန်းဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင်မပြောပလောက်သေးပေမယ့် ကြိုတင်ကာကွယ်ခြင်းအဖြစ် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး မည်သည့်နိုင်ငံသားမဆို စင်ကာပူနိုင်ငံတွင်းအလည်အပတ်ဝင်ရောက်ခွင့်ကို ပိတ်လိုက်တော့မှာဖြစ်ပါတယ်။


ယခုပိတ်ဆို့မှုမတိုင်ခင်ကတော့ နိုင်ငံတချို့ မှ အလည်အပတ်လာရောက်ချင်သူတွေကို ၁၄ ရက်အိမ်မှာပဲ နေထိုင်စေခြင်းဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း ယခုတော့ လုံးဝပိတ်ဆို့လိုက်ပါပြီ။ ဒါ့အပြင် နောက်ထပ်ထုတ်ပြန်ချက်တစ်ခုက အကယ်လို့ သင်ဟာ စင်ကာပူရဲ့အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားရင်တောင် နိုင်ငံရဲ့ မရှိမဖြစ်အပိုင်းတွေဖြစ်တဲ့ ကျန်းမာရေးနဲ့ သယ်ယူပို့ဆောင်ရေး အပိုင်းတွေမှာ လုပ်ဆောင်နေတဲ့သူမဟုတ်ရင် လည်း စင်ကာပူနိုင်ငံအတွင်း လက်တလော ပြန်လည်ဝင်ရောက်ခွင့်ပေးတော့မှာမဟုတ်ပါဘူး။


စင်ကာပူ နိုင်ငံလုံးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးရာ ဝန်ကြီး Lawrence Wong

ယခုထုတ်ပြန်ချက်တွေဟာ အခြားသောနိုင်ငံတွေမှာ ပြန့်နှံ့မှုအခြေအနေတွေကို လေ့လာသုံးသပ်ပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆုံးဖြတ်လိုက်ရတာပါ လို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးရာ ဝန်ကြီး Lawrence Wong က ယနေ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ “လက်တလော ထုတ်ပြန်ချက်ဟာ စင်ကာပူလို စီးပွားရေးအရ နိုင်ငံတကာနဲ့ ဆက်သွယ်နေရတဲ့ နိုင်ငံအတွက် သိသာတဲ့ ကြိုတင်ပြင်ဆင်မှုကြီးပါ။ အန္တရာယ်ကို ကြိုတင်မမြင်နိုင်ပါဘူး။ ကျွန်တော်တို့ သတိကြီးကြီးနဲ့ စနစ်တကျကိုင်တွယ်ဖို့ လိုပါတယ် ‘ လို့လည်းသူကပြောပါတယ်။

 

ဒါ့အပြင် လွန်ခဲ့တဲ့ သုံးရက်အတွင်း စင်ကာပူနိုင်ငံရဲ့ ကူးစက်မှုနှုန်းဟာ သိသိသာသာတိုးလာခဲ့ပြီး အကြောင်းကတော့ ယခုလက်တလေ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ နိုင်ငံတွေဆီကနေ ပြန်လာကြသူတွေဖြစ်နေပါတယ်။ သူတို့တွေဟာ နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေဖြစ်တာကြောင့် ပြန်လည်လက်မလံ လို့လည်းမ ရပါဘူး။ ဒါပေမဲ့ ထိုသူတွေကို အိမ်မှာပဲ ၁၄ ရက်နေစေခြင်းဖြင့် သူတို့ဆီမှ ရောဂါပိုးကို အခြားသူဆီမကူးစက်ရအောင် ထိန်းချုပ်ခြင်းနည်းကို အသုံးပြုနေပါတယ်။ ဒီအချက်က မြန်မာနိုင်ငံအတွက်လည်းအရေးကြီးပါတယ်။



@CNA

ယခုလက်တလော သတင်းတွေအရ ထိုင်းနိုင်ငံမှ ပြန်လာသူအများအပြား နယ်စပ်ကိုဖြတ်ကျော်နေတဲ့သတင်းဓါတ်ပုံတွေတွေ့နေရပါတယ် ။ထိုသူတွေဟာ တာဝန်သိစိတ်အပြည့် ဖြင့် အိမ်မှာပဲ ၁၄ ရက်နေသင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ရောဂါဆိုးကြီးကို အောင်မြင်စွာ ကျော်လွှားနိုင်မှာပါ။ သင်ချစ်ရတဲ့သူတွေ နဲ့ သင့်ပတ်ဝန်းကျင်အတွက် ပူးပေါင်းပါဝင်ကူညီကြဖို့ တိုက်တွန်းလိုပါ တယ်။


အာရှရဲ့ အဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူ အတွက် အလည်အပတ်ရောက်ရှိလာတဲ့သူတွေကို ယခုလိုထိန်းချုပ်မှ ဖြစ်မှာပါ။ စစ်တမ်းတွေအရ မနေ့က မတ်လ ၂၁ ရက်နေ့တစ်ရက်ထဲတင် စင်ကာပူကို အလည်အပတ်လာရောက်သူ ၅၃၃ ဦးရှိခဲ့ပါတယ်။ ထိုသူတွေဟာ ရောက်ရောက်ခြင်း အိမ်မှာ ၁၄ ရက်နေရမယ်ဆိုတာ သိသိနှင့်ကို ထပ်မံဝင်ရောက်နေကြတာဖြစ်ပါတယ်။ နောက်တစ်ချက်က စင်ကာပူအစိုးရအနေနဲ့ အရေးကြုံလာရင် နိုင်ငံသားတွေကိုပဲ ဦးစားပေးမှာဖြစ်တယ်လို့ တရားဝင်ကြေငြာထားပြီးသားပါ။ အလည်အပတ်လာသူတွေ ရောဂါကူးခံရပါက ဆေးဖိုးဝါးခ မိမိဘာသာကျခံရမှာလည်း ဖြစ်တယ်လို့ ကြိုတင်ထုတ်ပြန်ထားပါတယ်။



@CNA

အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်သူတွေအနေနဲ့လည်း အကယ်လို့သင်ဟာ မရှိမဖြစ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့သူမဟုတ်ရင် ပြန်အဝင်ခံမှာ မဟုတ်တော့ပါဘူး။


Writer- ZWP ( The Lifestyle Myanmar )

Source – CNA