ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၁၅၀၀ ကျော်ရှိ

2020-03-22 17:11:40


ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၁၅၀၀ ကျော်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၁၅၀၀ ကျော်ရှိ


နိုင်ငံအသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က တစ်ရက်ထဲမှာတင် သေဆုံးသူ ၁၅၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့လေ့လာချက်အရ မနေ့က မနက်ပိုင်းအထိ သေဆုံးသူ ၁၁၃၉၇ ယောက် ရှိခဲ့ရာကနေ ဒီနေ့မနက်မှာ ၁၃၀၄၉ ယောက် အထိမြင့်တက်လာခဲ့တာပါ။ မနေ့က သေဆုံးသူ အများစုဟာ အီတလီနိုင်ငံက ဖြစ်ပြီး အီတလီမှာ စုစုပေါင်း သေဆုံးသူ ၄၈၂၅ ယောက်ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေထဲက သေဆုံးမှု အများဆုံးနိုင်ငံဟာ အီတလီ ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ မနေ့က သေဆုံးသူ ၆ ယောက်သာရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၁၄၄ ယောက်ရှိနေပါပြီ။


တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဗိုင်းရပ်စ် ကူးစက်ခံရတာ သေချာတယ်လို့ အတည်ပြုနိုင်သူပေါင်း သုံးသိန်းခုနစ်ထောင်ကျော် ရှိပါတယ်။ ရောဂါပျောက်ကင်းသွားတဲ့သူပေါင်းက ကိုးသောင်းနှစ်‌ထောင်ကျော်ရှိတယ်လို့ Johns Hopkins ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၀ လောက်မှာ ကူးစက်ဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံမှာတော့ မတ် ၂၁ ရက်နေ့ ညအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။