ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းလိုက်ပေမယ့် ကလေးယူမယ်ဆိုတဲ့ ရေဗက္ကာဝင်း

2020-03-22 17:10:28


ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းလိုက်ပေမယ့် ကလေးယူမယ်ဆိုတဲ့ ရေဗက္ကာဝင်း

ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းလိုက်ပေမယ့် ကလေးယူမယ်ဆိုတဲ့ ရေဗက္ကာဝင်း


အ ဆိုတော်ရေဗက္ကာဝင်းက မကြာသေးခင်ကပဲ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပါတယ်။


အောင် မြင်တဲ့အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာရပ်တည်ခဲ့တဲ့ ရေဗက္ကာဝင်းဟာ လူငယ်တွေကြိုက်နှစ်သက်တဲ့ သီချင်းပေါင်းမြောက်မြားစွာကို သီဆိုနိုင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့ သူမရဲ့ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းခဲ့ပြီး တစ်ယောက်တည်းရပ်တည်နေခဲ့တာ ၄ လလောက်ရှိပြီလို့ ဆိုပါတယ်။

 

တစ် ဦးနဲ့တစ်ဦး ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့တဲ့နောက် လမ်းခွဲခဲ့ကြတဲ့ ရေဗက္ကာဝင်းဟာ တရားဝင်ကွာရှင်းခဲ့ပေမယ့်လည်း သူမအတွက် သူမကိုယ်တိုင် မွေးဖွားတဲ့ သားသမီးလေးကို နောက်လေးနှစ်မှာ ယူဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။


အိမ်ထောင်ကွဲခဲ့ပေမယ့် သူမဘဝကို ရှေ့ဆက်ဖို့အားအင်တွေပေးနိုင်မယ့် သားသမီးကို မွေးဖွားမယ့် ရေဗက္ကာဝင်းဟာ အချစ်သစ်၊ အိမ်ထောင်သစ် ကို ရှာတွေ့ခဲ့ရင် ရနိုင်တယ်လို့ ဆိုပါတယ်။ အကယ်လို့ ရှာမတွေ့ခဲ့ရင်တောင် နိုင်ငံရပ်ခြားမှာ IVF ဖန်ပြွှန်သန္ဓေသားပြုလုပ်ခြင်း စတာတွေနဲ့ ရင်သွေးလေးကို မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။


ဘဝအတွက် ခွန်အားတွေပေးနိုင်မယ့် ရေဗက္ကာဝင်းကတော့ သူမကိုယ်တိုင်မွေးဖွားမယ့် ရင်သွေးလေးကို ရရှိပိုင်ဆိုင်ချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရေဗက္ကာဝင်းက ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ကြတဲ့အခါ ကိုယ်တကယ်ချစ်တဲ့သူကိုပဲ ရွေးချယ်ကြဖို့ အကြံပေးသွားတာလည်း တွေ့ရပါတယ်။

Credit

Writer-YS,Cele Star