ဘုရားတရားများများလုပ်ဖြစ်တာကြောင့် စိတ်ချမ်းမြေ့လာတယ်လို့ ဆိုလာတဲ့ ဘေဘီမောင်

2020-03-22 08:50:16


ဘုရားတရားများများလုပ်ဖြစ်တာကြောင့် စိတ်ချမ်းမြေ့လာတယ်လို့ ဆိုလာတဲ့ ဘေဘီမောင်

ဘုရားတရားများများလုပ်ဖြစ်တာကြောင့် စိတ်ချမ်းမြေ့လာတယ်လို့ ဆိုလာတဲ့ ဘေဘီမောင်


ပရိသတ်တွေရဲ့ အချစ်တော်မော်ဒယ်လ်မင်းသမီးချောလေး ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေက ဘေဘီမောင်ရဲ့ ရိုးသားမှုကြောင့် အချစ်ပိုနေခဲ့ကြတာဆိုရင်လည်း မမှားပါဘူး။


မကြာသေးခင်ကတော့ ဘေဘီမောင်ဟာ စိတ်ဆင်းရဲစရာတွေနဲ့ ကြုံတွေခဲ့ရပေမဲ့ အခုအချိန်မှာတော့ ဘုရားတရားကိုပိုလုပ်ဖြစ်တာကြောင့် စိတ်ချမ်းမြေ့နေရတဲ့ အကြောင်းကို “မိုးလင်းတာနဲ့၁၂မကျော်ခင်အချိန်ထိလေးမှာ ဘုရားတရားလုပ်ဖြစ်လာတာ ကြာလာတော့ အေးချမ်းမှုတွေရပြီးစိတ်ချမ်းမြေ့ရတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြလာခဲ့ပါတယ်။



ဘေဘီမောင်ကတော့ ဘုရားတရားကို ကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုဆောက်လုပ်နေတဲ့ အိမ်အသစ်မှာလည်း အေးအေးဆေးဆေး ဘုရားအာရုံပြုလို့ရအောင် ဘုရားကျောင်းဆောင်ကို ကျယ်ကျယ်ဝန်းဝန်းလေး ဖန်တီးကိုးကွယ်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ celegabar ပရိသတ်ကြီးရေ ဘေဘီမောင်က သူ့အိမ်အသစ်ရဲ့ အိမ်သစ်တက်ပွဲလေးကို သင်္ကြန်မကျခင် ပြုလုပ်သွားမှာဖြစ်ပြီး အားလုံးကိုလာဖို့ဖိတ်ခေါ်ထားပါသေးတယ်။