အဝင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့ သီချင်းအသစ်လေး

2020-03-22 08:48:37


အဝင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့ သီချင်းအသစ်လေး

အဝင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့ သီချင်းအသစ်လေး

 

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခြူးလေးကတော့ ဒီနေ့မှာ သူ့ရဲ့ ပထမဦးဆုံးသီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေနားဆင်ခံစားလို့ရအောင် တင်လိုက်ပေးလိုက်ပါတယ်။သီချင်းလေးရဲ့ နာမည်ကတော့ “နီးနီးလေးပဲ”လို့နာမည်ပေးထားပြီး အဆိုတော် တေးရေး “ရော်ရွက်” ကရေးစပ်ပေးထားခဲ့တဲ့ အချစ်သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။


သီချင်းလေးရဲ့ MTV လေးကိုတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မိုရီဆာကီဝင်း (အဝင်း)နဲ့အတူ ခြူးလေးကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းလွန်းလှတဲ့ အချစ်သီချင်းချိုချိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ခြူးလေးရဲ့ သီချင်းအသစ်လေးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျကာ ထွက်ရှိပြီး နာရီပိုင်းလေးမှာတင် ကြည့်ရှုအားပေးတဲ့ ပရိသတ်သိန်းနဲ့ချီ ရှိခဲ့တဲ့အထိ အောင်မြင်မှုရရှိထားခဲ့ပါသေးတယ်။


သီချင်းလေးကတော့ ခြူးလေးရဲ့ ပထမဦးဆုံး သီချင်းလေးဖြစ်ပြီး အချစ်သီချင်းချိုချိုလေးဖြစ်တာကြောင့် ကောင်မလေးတွေ ကိုယ်တဖက်သတ်ချစ်နေရတဲ့ Crush ကောင်လေးကို ဒါမှမဟုတ် ကိုယ့်ချစ်သူကောင်လေးကို ဆိုပြလို့ရပြီနော်။CeleGabar ပရိသတ်ကြီးရေ ခြူးလေးရဲ့ အချစ်သီချင်းချိုချိုလေးကို နားဆင်လို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။