(၂)လအရွယ် ဝက်မလေးကို မတော်မတရားကျင့်သူကို ဖခင်ကိုယ်တိုင် ရဲလက်အပ်

2019-08-14 22:21:04


(၂)လအရွယ် ဝက်မလေးကို မတော်မတရားကျင့်သူကို ဖခင်ကိုယ်တိုင် ရဲလက်အပ်

တိရစ္ဆာန်တွေကို လိင်ပိုင်းဆိုင်ရာ ဆက်တိုက် ပြုကျင့်ပြီး၊ “မကောင်းဆိုးဝါး”လို့ နာမည်ပြောင်ရထားတဲ့ အမျိုးသားတစ်ယောက်ကို ဖခင်ကိုယ်တိုင်က ရဲလက်ကို အပ်ရသည်အထိ ဖြစ်ခဲ့ပါတယ်။ သူဟာ အသက်(၂)လသာ ရှိသေးတဲ့ ဝက်မလေးကို မတော်မတရား ပြုကျင့်နေတာကို ဖခင်ကိုယ်တိုင်က လက်ရဖမ်းဆီးခဲ့တာပါ။


တရားခံအမည်ကတော့ Shameful Albert Ara ဖြစ်ပြီး အသက်(၄၀) ဖြစ်ပါတယ်။ ဝက်မလေးကို မတော်မတရား လုပ်နေချိန် ဖခင်နဲ့ လက်ပူးလက်ကြပ် မိခဲ့တာကြောင့် မွေးမြူရေးခြံဝင်းကို ဒရောသောပါးခုန်ကျော်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဖခင် Miguel ဟာ အံ့သြလွန်းလို့ စကားတောင် ပြောမထွက်ပါဘူးတဲ့။




ဒီအဖြစ်အပျက်ဟာ ဘီလစ်ဇီနိုင်ငံ၊ Ontario အမည်ရ ကျေးရွာမှာ ဖြစ်ခဲ့တာပါ။ ဖခင်ဖြစ်သူ Miguel ဟာ အသက်(၈၁)နှစ်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကပဲ ရဲကို တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။ အခင်းဖြစ်ချိန်ဟာ ညအချိန်ဆိုသော်လည်း သားဖြစ်သူကို Miguel က ကောင်းကောင်းမှတ်မိနေခဲ့တာပါ။


သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း Albert ရဲ့ယုတ်မာမှုကို လက်ပူးလက်ကြပ် မိလို့ ရဲကိုတိုင်ကြားခဲ့ပေမယ့် ရဲက ဘာမှ အရေးမယူခဲ့ပါဘူး။ Miguel က သူ့ကို ရွာသားတွေက အမျိုးမျိုး လာပြောပေမယ့် မဖြစ်နိုင်ဘူးလို့ အစက တွေးခဲ့မိတာပါ။