အသဲကွဲရသကို အပြည့်အဝခံစားမိစေတဲ့ မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ ဒီနေရာလေးထဲ သီချင်း

2020-03-22 08:47:29


အသဲကွဲရသကို အပြည့်အဝခံစားမိစေတဲ့ မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ ဒီနေရာလေးထဲ သီချင်း

အသဲကွဲရသကို အပြည့်အဝခံစားမိစေတဲ့ မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ ဒီနေရာလေးထဲ သီချင်း


ပရိသတ်ကြီးရေ ဒီနေ့ မတ်လ (၂၁)ရက်နေ့လေးမှာတော့ အဆိုတော် မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကိုမျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ဒီသီချင်းလေးကတော့ မီးမီးခဲကိုယ်တိုင်ကရေးစပ်သီကုံးထားတဲ့ သီချင်းလေးဖြစ်ပြီး လောလောလတ်လတ်ထွက်ရှိထားတဲ့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။


သီချင်းလေးရဲ့ နာမည်လေးကတော့ “ဒီနေရာလေးထဲ”လို့ နာမည်ပေးထားပြီး အသည်းကွဲနေတဲ့ ပရိသတ်တွေအတွက် ခံစားချက်တွေအထွဋ်အထိပ်ကိုရောက်စေကာ မျက်ရည်ကျစေမယ့် အသည်းကွဲသီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ အသံချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ မီးမီးခဲနဲ့ အက်စတာဒွေးတို့နှစ်ယောက်စလုံးသီဆိုထားတဲ့ ဒီအသည်းကွဲသီချင်းလေးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေခဲ့ပါသေးတယ်။


အဆိုပိုင်းမှာ ပါရမီပါတယ်လို့ဆိုရလောက်အောင်တော်တဲ့ မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ သီချင်းလေးဆိုတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျတာကလည်း မဆန်းပါဘူးနော်။ CeleGabar ပရိသတ်ကြီးတွေထဲက အသည်းကွဲနေတဲ့ ပရိသတ်တွေရှိရင်လည်း နားဆင်လို့ရအောင် မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ “ဒီနေရာလေးထဲမှာ” သီချင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။


 

Chilli – CeleGabar

Source – The Real Mee Mee Khel-မီးမီးခဲ