ဧပြီ ၁၀ ရက်နေ့မှပြိုင်ဘက်ဟောင်းနဲ့ ချန်ပီယံလုပွဲ ဆင်နွှဲတော့မယ့် မြန်မာ့စပါးအုံး အောင်လအန်ဆန်း

2020-03-21 22:35:09

ဧပြီ ၁၀ ရက်နေ့မှပြိုင်ဘက်ဟောင်းနဲ့ ချန်ပီယံလုပွဲ ဆင်နွှဲတော့မယ့် မြန်မာ့စပါးအုံး အောင်လအန်ဆန်း

ဧပြီ ၁၀ ရက်နေ့မှပြိုင်ဘက်ဟောင်းနဲ့ ချန်ပီယံလုပွဲ ဆင်နွှဲတော့မယ့် မြန်မာ့စပါးအုံး အောင်လအန်ဆန်း

One Championship မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း(မြန်မာ့စပါးအုံး) မှာလာမည့် ဧပြီလတွင် ပြိုင်ဘက်ဟောင်းဖြစ်သည့် ဗစ်တာလီဗစ်ဒက်ရှ်နှင့် ချန်ပီယံကာကွယ်ပွဲကို ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် လာမယ့် ဧပြီလ၊ ၁၀ ရက်နေ့၌ ကျင်းပသွားမည်ဟု One Championship CEO ချက်ထရီဆစ်ယိုတောင်က ၎င်း၏ လူမှုကွန်ယက်အကောင့်မှ တဆင့်အတည်ပြုထုတ်ပြန်ကြေညာသွားခဲ့သည်။

ရုရှား MMA ဖိုက်တာ ဗစ်တာလီဗစ်ဒက်ရှ်မှာ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းနှင့် နှစ်ကြိမ်တိုင်တိုင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသည့် ပြိုင်ဘက်ဟာင်းတစ်ဦးဖြစ်သည်။

ပထမတစ်ကြိမ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆန်းက လက်ရှိချန်ပီယံကို စိန်ခေါ်သူအဖြစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ဗစ်တာလီဗစ်ဒက်ရှ်က ဒိုင်အဆုံးအဖြတ်နှင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲစဉ်ကို ရန်ကုန်မြို့တွင် ၂၀၁၇၊ ဇွန်လ၌ ပြန်လည်ထိုးသတ်ခဲ့ပြီး အောင်လအန်ဆန်းက ဒိုင်အဆုံးအဖြတ်နှင့် ပြန်လည်အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို လွှဲပြောင်းရယူနိုင်ခဲ့သည်။

အဆိုပါ ချန်ပီယံဆုက အောင်လအန်ဆန်း၏ ကစားသမားဘဝတွင် ပထမဆုံးရရှိလိုက်သည့် အောင်မြင်မှုဖြစ်ပြီး ၎င်းကစားမားဘဝကို တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်စေခဲ့သည့် အောင်မြင်မှုလည်းဖြစ်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ချန်ပီယံကာကွယ်ပွဲနှင့် ခါးပတ်လုပွဲအဖြစ် အကြိတ်အနယ်ရှိလာဦးမည်ဖြစ်ပြီး အောင်လန်အန်ဆန်းအနေဖြင့် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

Credit Skynet Sports Channel