မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ


မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ

မိဘတိုင်းက ကိုယ့်ရဲ့ကလေးလေးတွေ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေဖြစ်ချင်ကြမှာပါ။ ညီအစ်ကိုမောင်နှမချင်း ချစ်ချစ်ခင်ခင်နေထိုင်တတ်ဖို့က မိဘတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။


တစ်ချို့သောမိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှုမရှိတာကို တွေ့နေရတတ်ပါတယ်။


မိဘတိုင်းက မောင်နှမချင်းချစ်ခင်တတ်ဖို့ကို သူတို့ရဲ့ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့လိုအပ်ပါတယ်နော်။ ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီးမူတည်ပြီးတော့ နောက်ကလေးတွေက သူတို့ရဲ့အကြီးတွေဆီကနေ အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကိုသင်ကြားပေးပါ။


ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။ ပထမဆုံးကလေးတွေဆိုတာ တစ်ခြားသူတို့ထက်အငယ်တွေ မမွေးသေးခင်မှာ အချစ်တွေပုံအောရတတ်ကြပြီး အငယ်လေးတွေကို အချစ်တွေခွဲဝေပေးရမှာ။


သူတို့အပေါ် အချစ်တွေလျော့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမှာ မိဘတွေကသေချာနားလည်အောင် ပြောပြတတ်ဖို့လိုအပ်ပြီး မျှဝေတတ်ဖို့ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်နော်။


ကြင်နာသနားတတ်ပြီး သည်းခံတတ်ဖို့ ကိုယ့်ထက်အငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေ ရန်လိုတာမျိုးတွေမရှိပဲ

ကိုယ့်ရဲ့ညီလေးညီမလေးတွေကို ဘယ်လိုကြင်နာရမယ်ဆိုတာကို သေချာပြောပြပေးဖို့ လိုအပ်ပါတယ်။


တစ်ခါတစ်လေ တစ်ယောက်ရဲ့အမှားကို တစ်ယောက်ခွင့်လွှတ်သည်းခံတတ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးချစ်ခင်တတ်ဖို့ကို သင်ကြားပေးရမှာပါ။


ဒါမှမောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်ပြီး နားလည်မှုရှိလာမှာ ဖြစ်ပါတယ်။ ဖေးမကူညီတတ်ဖို့ မောင်နှမတွေတစ်ယောက်အကူအညီလိုတဲ့အခါတိုင်း တစ်ယောက်ကလိုက်ပြီး ကူညီတတ်ဖို့ကိုပါ သင်ကြားပေးဖို့လိုအပ်ပါတယ်။


ဒီလိုမျိုးငယ်စဉ်ကတည်းက သင်ကြားထားမှာ အရွယ်ရောက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတတ်သူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားလည်တတ်ဖို့ တစ်ချို့သောမိသားစုတွေမှာ ဘယ်လောက်ပဲ မောင်နှမအချင်းချင်းဖြစ်နေပါစေ။


တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်အဆင်ပြေမှုကိုပဲ ကြည့်တဲ့သူတွေ တွေ့မြင်ရတတ်ပါတယ်။ ဒါဟာငယ်စဉ်ကတည်းက မိဘတွေသင်ပြဆုံးမမှုကို ကောင်းစွာမရရှိကြတဲ့ ကလေးတွေမှာ အဖြစ်များတတ်ပါတယ်နော်။ ဒါကြောင့် စာနာမှု၊ ဖေးမတတ်မှု၊ နားလည်မှု၊ ကိုယ်ချင်းစာမှုစတာတွေကို ငယ်စဉ်ကတည်းက မိဘတွေ သင်ပေးထားသင့်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူမဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။


မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။