(၂၄. ၃.၂၀၂၀)ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ မမေ့နဲ့နော်

2020-03-20 16:23:03


(၂၄. ၃.၂၀၂၀)ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ မမေ့နဲ့နော်

(၂၄. ၃.၂၀၂၀)ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ မမေ့နဲ့နော်


ဘုန်းကျက်သရေ လာဘ်ပွင့်် ဦးခေါင်းမင်္ဂလာ ပြုရအောင်အားလုံးမင်္ဂလာပါအနယ်နယ်အရပ်ရပ်မှ ချစ်ခင်လေးစာကြသော မိသားစုဆွေမျိုး မိတ်သင်္ဂဟ အပေါင်းတို့ခင်ဗျာ …။


နှစ်ကတကြိမ်ရေးသားထားသလို မြန်မာနှစ်ရဲ့ပထမလ ဖြစ်တဲ့တန်းခူးလဆန်း၁ရက်နေ့မှာ ဦးခေါင်းဆေးမင်္ဂလာ ပြုပေးရမှာ ဖြစ်ပါတယ် …။


ရှေးဆို ရိုးစကားလေးနဲ့အညီ ဆန်းရက်၁ရက်မှာ ဦးခေါင်ဆေးရင် ဘုန်းကျက်သရေမဂ်လာ တိုးပွားပြီ လာဘ်ပွင့်ခြင်း ကံံကောင်းခြင်းမင်္ဂလာအဖြာဖြာတွေတိုးပွားကြခြင်းအန္တရာယ် ကင်းခြင်းဆိုသည့်အတိုင်းယခု တန်ခူးလဆန်း၁ရက်နေ့ ၂၄.၃.၂၀၂၀ရက်နေ့ပဲ ဖြစ်ပါတယ် …။


အဲ့ဒီနေ့မှာ နေ့လည်၂နာရီမှ ညနေ၅နာရီ အချိန်တွေမှာမြန်မာ့ရိုးရာတရော်ကင်းပွန်း ရည်စစ်စစ်ထဲကို ကွမ်းရွက်၃ရွက် ခြေထည့်ပါ …။


သပြေ၃ညွန့်ထည့်ပြီ မိမိတို့ဂြိုလ်ခွင်အလိုက်လာဘ်နေအရပ်ကို မျက်နှာမူပြီ ဦးခေါင်းဆေးမဂ်လာပြုပေးရပါမည် ဦးခေါင်ဆေး မင်္ဂလာပြုချိန်မှာ ဖိနပ်ချွတ်ပြီးလာဘ်နေ အရပ်တွေကိုမျက်နှာမူကာ မိမိစိတ်ထဲမှ သရဏဂုံံ ရွတ်ဖတ်ခြင်း ပဌာန်းအကျဉ်း၃ ခေါက်ရွတ်ဖတ်ပြီးပါက ဦးခေါင်ဆေးမင်္ဂလာ ပြုလုပ်ရပါမယ် …။


နေ့နံံသား သမီးများလာဘ် နေရမည့်အရပ်များမှာ တနင်္ဂနွေ မွေးသူများ မြောက်အရပ် ၊ တနင်္လာမွေးသူများ အရှေ့တောင်အရပ် ၊ အင်္ဂါမွေးသူများ အနောက်အရပ် ၊ ဗုဒ္ဓဟူးမွေးသူများ အရှေ့အရပ် ၊ကြာသာပတေးမွေးသူများ တောင်အရပ် ၊သောကြာမွေးသူများ အရှေ့မြောက်အရပ် ၊ စနေမွေးသူများ အနောက်မြောက်အရပ် တို့ ဖြစ်ကြပါတယ် …။


မိမိတို့အနေနဲ့ တရော်ကင်းပွန်းစစ်ကိုသာ မြန်မာ့ရိုးရာထုံစံအတိုင်း ဝယ်ယူပြီ ခေါင်လျှော်ရပါမည် ။ ယခုခေါတ်ပေါ်နေသော ခေါင်လျှော် ရည်များနှင့် အလွယ်တကူ လျှော်ခြင်းမရပါ …။


ယုံံကြည်စွာ ဦးခေါင်ဆေးမင်္ဂလာ ပြုသူတို့မှာ ဘုန်းကံမြင့်တက်လာခြင်း၊ ကံမြင့်တက်လာခြင်း၊ အကြံအစည်ထမြောက်အောင် မြင်လာခြင်း၊ လာဘ်လာဘက ပေါများလာ နိုင်ခြင်း၊ အန္တရာယ်ကင်းခြင်း ရောဂါဘယကင်းဝေးခြင်းဆိုသည့် မင်္ဂလာအဖြာဖြာတွေ ရရှိခံစားနိုင်စေဖို့ဆိုတဲ့ အကျိုးကျေးဇူးများ ထူးလာနိုင်ပါတယ် ဆိုတဲ့အကြောင်းလေးကို တင်ပြပေးလိုက်ရပါတယ် …။ ။


ပြည်ဘိုးတော်လေးကိုအာကာ


၀၉-၇၇၆၁၇၆၁၈၄