ဓာတ်ပုံတွေကို ကြည့်ပြီး ကလေး ရွေးပြတဲ့ ရုပ်သံဖိုင်ကို သက်သေတင်

2019-08-14 19:40:10


ဓာတ်ပုံတွေကို ကြည့်ပြီး ကလေး ရွေးပြတဲ့ ရုပ်သံဖိုင်ကို သက်သေတင်

လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ ဗစ်တိုးရီးယားလို့ လူသိများတဲ့ ၃နှစ်အရွယ် ကလေးငယ်ရဲ့ အမှုလေးကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ ဒီကနေ့ သြဂုတ်လ ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်းခဲ့ပါတယ်။


အဲဒီ သက်သေဟာ ဆရာမ နှင်းနု၊ သံသယတရားခံ အောင်ကြီး၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ဦး ဖြစ်တဲ့ ကိုကို၊ ညီညီ၊ နောက် ကိုကိုနဲ့ ညီညီ နှစ်ယောက်တွဲ၊ ဓာတ်ပုံ ၅ ပုံကို ထုတ်ပြီး ကလေးကို ပြနေပုံကို သြဂုတ်လ ၁၃ရက်နေ့က ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။


ဗစ်တိုးရီးယားဖခင် တင်သွင်းတဲ့ ဗီဒီယိုဟာ အမှုကို အမှန်တရား ၁၀၀ ရာခိုင်နှုန်း ပေါ်ဖို့အထိ အရေးပါတယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောကြားခဲ့တာကို အောက်မှာကြည့်ရှုနိုင်ပါပြီ။


ရိုက်ကူး – အောင်သူရ/ဘီဘီစီမြန်မာပိုင်း


ဘီဘီစီမြန်မာပိုင်