လိုင်စင်မဲ့ပြည့်တန်ဆာမှုအတွက် အဖမ်းခံခဲ့ရတဲ့ Nicki Minaj ရဲ့ ချစ်ခင်ပွန်း

2020-03-20 14:47:58


လိုင်စင်မဲ့ပြည့်တန်ဆာမှုအတွက် အဖမ်းခံခဲ့ရတဲ့ Nicki Minaj ရဲ့ ချစ်ခင်ပွန်း

လိုင်စင်မဲ့ပြည့်တန်ဆာမှုအတွက် အဖမ်းခံခဲ့ရတဲ့ Nicki Minaj ရဲ့ ချစ်ခင်ပွန်း


နာမည်ကြီး rapper Nicki Minaj ကတော့ Mrs. Petty ဆိုတဲ့ နာမည်ကိုယူပြီး အိမ်တောင်သည်ဘဝမှာ သာယာပျော်ရွှင်နေခဲ့ပါတယ်။


Nicki Minaj ဟာ Kenneth Petty နဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက ကတိကဝတ်ပြုကာ လက်ထပ်ခဲ့ပါတယ်။ Kenneth Petty ဟာလည်း အနုပညာရှင်တစ်ယောက်ပါပဲ။ Nicki ကတော့ ခင်ပွန်းဖြစ်တဲ့ Kenneth Petty ကို သိပ်ချစ်ကြောင်း သူမရဲ့ Instagram post တွေက သက်သေပါပဲ။


ဒီလိုမျိုးချစ်ရပါသော ခင်ပွန်းက အခုအချိန်မှာတော့ အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အဖမ်းခံနေရပါတယ်။ ပြစ်မှုကတော့ လိုင်စင်မရှိဘဲ ပြည့်တန်ဆာလုပ်ခဲ့တဲ့အမှုပါတဲ့လေ။


Kenneth Petty ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက စားဝတ်နေရေးကြောင့် လိင် offender အလုပ်ကို လုပ်ခဲ့ရပါတယ်။ အမေရိကန်မှာက ပြည့်တန်ဆာနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေဆိုရင် မှတ်ပုံတင်ပြီး လိုင်စင်လုပ်ရပါတယ်။ လိုင်စင်ဟာ စိတ်ချရတဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ၊ အမှုအခင်းဖြစ်ရင် ဆက်သွယ်လို့ရမယ့် အသေးစိတ်အကြောင်းအရာတွေ ပါဝင်နေတဲ့တွက် ဥပဒေဘောင်အတွင်းကို ထည့်သွင်းဖို့ပါပဲ။


Kenneth Petty မှာက New York အတွက် လိုင်စင်ရှိနေပေမယ့် ပြောင်းရွှေ့လာတဲ့ California ဖက်မှာတော့ လိုင်စင်ရှိလို့မနေပါဘူး။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာတုန်းက စစ်ဆေးခဲ့မိကာ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒေါ်လာ ၂ သောင်း အာမခံကြေးနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ဒီလိုအဖမ်းခံရပြီးတာတောင် ကယ်လီဖိုးနီးယားပြည့်တန်ဆာလိုင်စင်ကို မှတ်ပုံမတင်ဘဲ လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။


ဒါပေမဲ့လည်း Nicki Minaj နဲ့ လက်ထပ်ပြီးနောက်မှာတော့ ဥပဒေကပုန်းနေခဲ့တဲ့အချိန်တွေအတွက် အပြစ်ကို ခံယူချင်ပါတယ်ဆိုပြီး စခန်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ပါတော့တယ်။ အမှုကတော့ စုံစမ်းစစ်ဆေးနေဆဲမလို့ ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။