Katy Perry နဲ့မတွေ့ခင် ရှေ့ ၆ လလုံး လိင်ကိစ္စလုံးဝမလုပ်ခဲ့တဲ့ Orlando Bloom

2020-03-20 14:35:25


Katy Perry နဲ့မတွေ့ခင် ရှေ့ ၆ လလုံး လိင်ကိစ္စလုံးဝမလုပ်ခဲ့တဲ့ Orlando Bloom

Katy Perry နဲ့မတွေ့ခင် ရှေ့ ၆ လလုံး လိင်ကိစ္စလုံးဝမလုပ်ခဲ့တဲ့ Orlando Bloom


The Pirates of the Caribbean မင်းသားတစ်ဦးဖြစ်တဲ့ Orlando Bloom ကိုတော့ တော်တော်များများ သိကြမှာပါ။ လက်ရှိအချိန်မှာတော့ Orlando ဟာ Katy Perry နဲ့ မတွေ့ခင် ၆ လစလုံးမှာ ဘယ်လိင်မှုကိစ္စမှ မလုပ်ခဲ့ဘူးလို့ ဖွင့်ပြောခဲ့ကြောင်း Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အခုအချိန်မှာတော့ Katy Paerry တစ်ယောက်ကတော့ Orlando နဲ့ ပတ်သတ်ပြီးရတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ နှစ်ယောက်သားကတော့ ၂၀၁၉ ခုနှစ် ချစ်သူများနေ့မှာ စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ လက်ရှိတော့ နှစ်ယောက်စလုံးရဲ့ မင်္ဂလာဆောင်မယ့်သတင်းကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် သူတို့ရဲ့ ပရိသတ်တွေကတော့ နှစ်ယောက်စလုံးကို အမြန်ဆုံးမင်္ဂလာဆောင်စေချင်နေပြီပေါ့။


“ဒီကိစ္စကို ကျွန်တော်အမှန်တိုင်းပြောရရင် လူတွေက ယုံပါ့မလားတောင် မသိဘူး။ ကျွန်တော် Katy နဲ့ မတွေ့ခင် ၆ လစလုံးလုံး မိန်းမကိစ္စမပြောနဲ့။ ကျွန်တော်အာသာတောင်မဖြေဖြစ်ပါဘူး။ အဲလောက်ထိ ကျွန်တော် လိင်ကိစ္စကို ရှင်းခဲ့ပါတယ်” လို့ Orlando က ပြောကြားခဲ့ပါတယ်။


“ကျွန်တော် Katy နဲ့တွေ့တဲ့အချိန်မှာတော့ ကျွန်တော့်သူ့ကို တကယ်ချစ်မိသွားခဲ့ပါတယ်။ ဒါ့ကြောင့်လဲဒီအခြေအနေတွေအထိ ဖြစ်သွားခဲ့တာပါလို့” လို့ Orlando က ပြောကြားခဲ့ပါတယ်။