မခွဲစိတ်ရ သေးတဲ့ အရင်ကပုံဟောင်းတွေကိုပြပြီး လှောင်ပြောင်တဲ့ပရိသတ်ကို တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

2020-03-20 13:49:29


မခွဲစိတ်ရ သေးတဲ့ အရင်ကပုံဟောင်းတွေကိုပြပြီး လှောင်ပြောင်တဲ့ပရိသတ်ကို တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

မခွဲစိတ်ရ သေးတဲ့ အရင်ကပုံဟောင်းတွေကိုပြပြီး လှောင်ပြောင်တဲ့ပရိသတ်ကို တုံ့ပြန်လိုက်တဲ့ နေခြည်ဦး


နေခြည်ဦးကတော့ သူမယုံကြည်ရာ လမ်းမကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေသူတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ မျက်ရစ်၊ နှာခေါင်း၊ မေးရိုးနဲ့ ရင်သားတို့ကို ခွဲစိတ်ထားကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။


ပရိသတ်တွေကလည်း နေခြည်ဦးရဲ့ ဖြစ်တည်နေထိုင်မှုကို သဘောကျစွာနဲ့ အားပေးကြပါတယ်။


ဒီတစ်ခေါက်မှာတော့ နေခြည်ဦးရဲ့ ပရိသတ်တစ်ယောက်က နေခြည်ဦးရဲ့ ငယ်ငယ်က မခွဲစိတ်ရသေးတဲ့ပုံနဲ့ အခုလက်ရှိ ခွဲစိတ်ပြီးပုံကို ယှဉ်ပြီး လှောင်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ထိုပရိသတ်ကို “အခုမှမြင်ဖူးတာလား ?? နေခြည်အဲ့ပုံတွေတင်ထားတာ ကြာပေါ့” ဆိုပြီး အေးအေးဆေးဆေးသာ တုံ့ပြန်ခဲ့ပါတယ်။


နေခြည်ဦးကတော့ သူမရဲ့ဖြစ်တည်မှုကို အမှန်တိုင်း မဖုံးကွယ်ပဲ ချပြသူတစ်ယောက်ဖြစ်တာကြောင့် အခုလို ဝေဖန်မှုတွေကို အေးအေးဆေးဆေး တုံ့ပြန်နိုင်တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit Cele Connections

Source: Nay Chi Oo’s fb

Bilie – Cele Connections