ခင်ပွန်းက ငါးကြိမ်မက လိင်ဆက်ဆံရင် တစ်လကို ဒေါ်လာ၄၀၀၀ ဒဏ်ငွေဆောင်ခိုင်းတဲ့ ဂျပန်မင်းသမီး

2020-03-20 12:55:03


ခင်ပွန်းက ငါးကြိမ်မက လိင်ဆက်ဆံရင် တစ်လကို ဒေါ်လာ၄၀၀၀ ဒဏ်ငွေဆောင်ခိုင်းတဲ့ ဂျပန်မင်းသမီး

ခင်ပွန်းက ငါးကြိမ်မက လိင်ဆက်ဆံရင် တစ်လကို ဒေါ်လာ၄၀၀၀ ဒဏ်ငွေဆောင်ခိုင်းတဲ့ ဂျပန်မင်းသမီး

Erika Sawajiri ကတော့ ဂျပန် မင်းသမီး၊မော်ဒယ်၊အဆိုတော် ဟောင်းပါ။မေ်ာဒယ် ဘဝက နေ အနုပညာလောထဲ ကို စတင်ဝင် ရောက်လာခဲ့တာပါ။



Erika Sawajiri

(၂၀၀၂)မှာတော့ သရုပ်ဆောင် အလုပ်တွေကို စလုပ်ခဲ့တာပါ။ Erika Sawajiri ကတော့ သူမရဲ့ ခင်ပွန်းဟောင်းနဲ့ သူမရဲ့ ကြားမှာ လိင်ကိစ္စ နဲ့ ပတ်သက်ပြီး ထားခဲ့ဖူးတဲ့ သဘော တူညီမှု တစ်ခုကို ထုတ် ပြောခဲ့ဖူးပါတယ်။


JTBC ရဲ့ Love of 7.7 Billion ဆိုတဲ့ အစီအစဉ်မှာ တော့ Erika Sawajiri ရဲ့ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး စကားဝိုင်း ဆွေးနွေးခဲ့ ကြပါတယ်။အရင်ခင်ပွန်းဟောင်းနဲ့ လက်မထပ် ခင်တည်းက သဘောတူစာချုပ် ချုပ်ထားခဲ့တာ ပါ။ Tsuyoshi Takahashi ဆိုတဲ့ သူမရဲ့ စီနီယာနဲ့ လက်ထပ်ခဲ့တာပါ။စာချုပ်ထဲမှာဆိုရင်တော့ Takahashi အနေနဲ့ တခြားမိန်းမ တစ်ယောက်နဲ့ ဒိတ်ရင် (~$79,000 USD) ဒဏ် ကြေး ပေးရမှာဖြစ်ပြီး အိပ်ပါ အိပ်ရင်တော့ အဲ့ဒီ ပိုက်ဆံရဲ့ နှစ်ဆ ဒဏ် ကြေး ပေးရမှာပါ။ဒါတင်ပဲ လားဆိုရင်တော့ မဟုတ်သေးပါဘူး။


အိမ်ထောင်ရှင် လင်မယားဆိုပေမယ့် သူမ လိုက်လျော နိုင်တဲ့ အကြိမ် ရေ တစ်ခုကို ကန့် သတ်ထားပါတယ်။သူမ သတ်မှတ်ထားတဲ့ အကြိမ် ရေ ကတော့ တစ်လမှာ အများဆုံး ငါးကြိမ်ပါ။တကယ်လို့ ငါးကြိမ် ထက် ပိုချင်တယ်ဆိုရင် တော့ တစ်ကြိမ်ကို (~$4000 USD) ဒဏ် ကြေး ပေးဆောင် ရမယ်ဆိုပြီး စည်းကမ်းကန့်သတ်ထားပါတယ်။



Erika Sawajiri’s wedding

ခင်ပွန်းဖြစ်သူ အပေါ် Erika Sawajiri ရဲ့ ကန့်သတ်ထားတဲ့ စည်းကမ်းတွေ အ ကြောင်းကို ကြား လိုက်ရ ပြီးနောက် Love of 7.7 Billion အစီအစဉ်ရဲ့ တခြားဆွေးနွေးသူတွေ အကုန်လုံး ပါးစပ် အဟောင်းသား ဖြစ်ခဲ့ကြပါတယ်။Erika Sawajiri ကတော့ (၂၀၁၉) နိုဝင်ဘာ (၁၆) ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှု နဲ့ အဖမ်းခံ ခဲ့ရပါတယ်။(၂၀၂၀) ဇန်နဝါရီ အထိ တရားရင်ဆိုင်ခဲ့ရပြီး အဲ့ဒီအ ချိန်မှာတော့ အနုပညာ အလုပ်တွေ ဆက်မလုပ်တော့ဘူးလို့ ပြောခဲ့တာပါ။


Source:Koeaboo