တစ်ရက်နဲ့တစ်မနက်အတွင်း ဒူးရင်းသီးအလုံး(၈၀၀)ကျော် ကုန်အောင်ရောင်းထွက်ခဲ့လို့ ပျော်နေတဲ့ နန္ဒာလှိုင်

2020-03-20 10:51:28


တစ်ရက်နဲ့တစ်မနက်အတွင်း ဒူးရင်းသီးအလုံး(၈၀၀)ကျော် ကုန်အောင်ရောင်းထွက်ခဲ့လို့ ပျော်နေတဲ့ နန္ဒာလှိုင်

တစ်ရက်နဲ့တစ်မနက်အတွင်း ဒူးရင်းသီးအလုံး(၈၀၀)ကျော် ကုန်အောင်ရောင်းထွက်ခဲ့လို့ ပျော်နေတဲ့ နန္ဒာလှိုင်


တစ်ခတ်တခါကရုပ်ရှင်လောကမှာ နာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ အကယ်ဒမီနန္ဒာလှိုင်ကိုသိကြတယ်မလား။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ဇာတ်ကားများ၊ကြော်ငြာများနဲ့ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့သူတစ်ယောက်ပါနော်။ နန္ဒာလှိုင်ဟာ



ယခုအချိန်တွင်အနုပညာအလုပ်တွေရပ်နားထားခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အိမ်ရှင်မကောင်းတစ်ဦးဖြစ်ပါတယ်နော်။ နန္ဒာလှိုင်တို့မောင်နှမတစ်တွေဟာ တစ်နိုင်တစ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ဒူးရင်းသီးရောင်းတာကိုပျော်ပျော်ရွှင်ရွှင်နဲ့



တက်ညီလက်ညီလုပ်နေကြတာဖြစ်ပါတယ်။ ဒူးရင်းသီးတွေရောင်းကောင်းတဲ့အကြောင်းကို နန္ဒာလှိုင်ဟာသူမရဲ့ Facebookစာမျက်နှာတွင် “ဒူးရင်း‌သီးတွေအမှည့်လဲမရှိအစိမ်းလဲမရှိ ပိစိကွေးလေးတွေတောင်မရှိအားလုံးကုန် ပြောင်ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်အလုံး



၈၀၀ ကျော်ကိုတရက်နဲ့တမနက်ရောင်းလိုက်တယ်” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ဟာ အနုပညာအလုပ်တွေရပ်နားထားခဲ့ပေမယ့်လည်း ပရိတ်သတ်တွေကတော့သူမကိုအချစ်မလျော့ပဲ ဆက်လက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ နန္ဒာလှိုင်တစ်ယောက်က



လည်း ချစ်ရတဲ့ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို အေးချမ်းစွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒူးရင်းသီးတွေကို မောင်နှမတွေတက်ညီလက်ညီနဲ့ပျော်ရွှင်စွာရောင်းနေကြတဲ့ နန္ဒာလှိုင်တို့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။