သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာ ရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်

2020-03-20 10:37:26


သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာ ရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်

သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာ ရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်


ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။ သူ့ ချစ်သူ ကောင်မလေး အပေါ်မှာ သိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။ သူ့ ဘက်က စိတ်တွေအရင်ဆိုး၊စိတ်တွေအရင်ကောက်ပြီးအနိုင်ယူတယ်။စကားပြောရင်တောင်ခပ်ကြမ်းကြမ်း။ သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။


ဒီလိုမျိုးစရိုက်ရှိတဲ့ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်ကကောင်မလေးများချစ်လိုက်တာတုန်လို့။အရမ်းသည်းခံတယ်။ငေါက်နေရင်၊အော်နေရင်တောင်မျက်ရည်လေး ဝဲပြီးဘာမှပြန်မပြောနိုင်ပဲကြည့်နေရှာတာမျိုး။ဒါပေမဲ့ပေါ့။တစ်ဖက်ကအရမ်းချစ်ပြီးဂရုစိုက်ပေမဲ့လည်းထက်တူညီတုန့်ပြန်မှုတွေရောက်မလာတဲ့နောက်ဆုံးတော့ ကောင်မလေး ဘက်က စ .ပြီး လမ်းခွဲထွက်သွားတယ်။ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။


ကျွန်တော်တို့ကိုတောင် –”game အေးဆေး ဆော့လို့ရတယ်””သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။သူ ထင်ထားသလိုတော့ဖြစ်မလာခဲ့ဘူး။ကောင်မလေးကတော့သူ့ဆီယောင်လို့တောင်ပေါ်မလာခဲ့တာပါ။အဲ့ဒါမှသာသူအကြီးအကျယ်ကြေကွဲသွားရပြီ။သူ့ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊ သူ့ ကို အရမ်းချစ်တဲ့သူ ၊ သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကို ဆုံးရှုံးသွားရတယ် ။


သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။မမြင်အောင် ရှောင်တာမျိုးတွေလုပ်လာတယ် ။မရှိတော့တဲ့ အချိန်ကျမှလူတစ်ယောက်ရဲ့တန်ဖိုးကိုသူအကြီးအကျယ်နားလည်ပြီးအရမ်းကိုခံစားသွားလိုက်ရတယ်။အလူးလူးအလဲလဲကြေကွဲရင်းနောင်တတွေ ဗလပွပေါ့။ကျွန်တော်သိလိုက်ရတာကအနိုင်ယူနေရတာကိုမကြိုက်ပါနဲ့။အချစ်ခံနေရတာကိုဘဝင်တမြင့်မြင့်ကြီးမဖြစ်ပါနဲ့။ကိုယ်အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်း ပြန်ချစ်ပေးသင့်ပါတယ် ။တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။


ကိုယ်လိုတဲ့အချိန်လှမ်းခေါ်မယ်။မလိုတဲ့အချိန်ပစ်ထားမယ်ဆိုတဲ့စိတ်ဓါတ်ကအရမ်းကိုအတ္တဆန်လွန်းတယ်။အဲ့လိုလူမျိုးတွေကတစ်ချိန်ချိန်မှာခံစားရဆုံးပဲ။ဘယ်လောက်ပဲချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါ ထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေက လက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့


credit