ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကိုယ့်ကမ္ဘာကိုဂရုစိုက်တာ နဲ့ အတူတူပါပဲ ဆိုတဲ့အေးဝတ်ရည်သောင်း

2020-03-19 21:47:57


ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကိုယ့်ကမ္ဘာကိုဂရုစိုက်တာ နဲ့ အတူတူပါပဲ ဆိုတဲ့အေးဝတ်ရည်သောင်း

ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကိုယ့်ကမ္ဘာကိုဂရုစိုက်တာ နဲ့ အတူတူပါပဲ ဆိုတဲ့အေးဝတ်ရည်သောင်း


မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ အေးဝတ်ရည်သောင်းရဲ့ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ပရိသတ်တွေကို စွဲဆောင် ထားနိုင်တာပဲ ဖြစ်ပါတယ်။ အဲ့စွဲဆောင်မှုလေးတွေကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစား လှသူလေးတစ်ဦးပါ။


ဒီနေ့မှာတော့ အေးဝတ်ရည်သောင်းက သူမရဲ့ ချစ်ပရိသတ်တွေကို “တစ်ကမ္ဘာထဲ အတူတူနေမှတော့ ဝူဟန်မှာဖြစ်လဲ အီတလီ တို့ စပိန်တို့ကထိခိုက်နိုင်တာပဲနော်။ တစ်နေရာတည်းကွက်ပြီး ပြီးသွားတာမှမဟုတ်တာ။ တစ်ကမ္ဘာလုံးက လူတွေအကုန် လိုက်ပူပေးရတာပါပဲ။ တစ်ကမ္ဘာထဲမှာ အတူနေကြရတာ မှတ်လား။”


“ဒါကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းဟာ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ နောက်ဆုံးကိုယ့်ကမ္ဘာကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။” ဆိုပြီး သတိပေးစကားလေး ဆိုထားပါတယ်။


အေးဝတ်ရည်သောင်းကတော့ သူမရဲ့ ချစ်ပရိသတ်တွေ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ပြောထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။


Source: Aye Thaung’s fb