“ခင်ပွန်းဟောင်းဖြစ်သူရဲ့ သမီးလေးအပေါ် ဂရုစိုက်မှုတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ လုလုအောင်”

2020-03-19 21:46:04


“ခင်ပွန်းဟောင်းဖြစ်သူရဲ့ သမီးလေးအပေါ် ဂရုစိုက်မှုတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ လုလုအောင်”

“ခင်ပွန်းဟောင်းဖြစ်သူရဲ့ သမီးလေးအပေါ် ဂရုစိုက်မှုတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ လုလုအောင်”


လုအောင်ကတော့ Follower သိန်းချီနေတဲ့ Facebook Cele တစ်ယောက်ပဲဖြစ်ပါတယ်…။သူမရဲ့ ရင်ဖိုတဲ့ အလှတရားတွေကြောင့် ပုရိသတွေရဲ့ ဝန်းရံခြင်းခံနေရတဲ့ ဆယ်လီလို့ ဆိုရမှာပါ..။ သူမရဲ့ Facebook Account မှာတော့ Follower တွေက တစ်နေ့တစ်ခြား ပိုပိုတိုးလို့လာနေတာပဲဖြစ်ပါတယ်.။ သူမရဲ့ နေ့စဉ်တင်တဲ့ အလှပုံရိပ်တွေကြောင့် ပုရိသတွေ အထူးနှစ်ခြိုက်ဝန်းရံကြခြင်းကို ခံနေရတာပါ။




လက်ရှိမှာ လုလုက ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး မင်းသားမြင့်မြတ်၊ ခင်လှိုင်၊ မင်းသမီး အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရိုက်ကူးထားတဲ့ ရှုတင် အမှတ်တရ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါသေးတယ်..။ ဒီနေ့ မတ်လ (၁၉)ရက်နေ့မှာတော့ သူမရဲ့ သမီလေးရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းထားတဲ့ စာလေးကို “ဟက်ပီးဘတ်ဒေးဘာ သမီးလေးရေ..။မွေးနေ့ပွဲဒီနှစ်မလာနိုင်ပေမယ့် ကျပ်ငွေအထပ်လိုက် ပို့ပေးတဲ့ တစ်ချိန်ကယောက်ျား ခုသူငယ်ချင်းရေ သိုင်းကျူးပါ.။” ဆိုပြီး သူမ


နဲ့ ခင်ပွန်းဟောင်းဖြစ်သူတို့ရဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။




လုလုအောင်ကတော့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ကွဲသွားတဲ့ ဆက်ဆံရေးဖြစ်ပေမယ့် ချစ်ရတဲ့ သမီးလေးအတွက် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေအနေနဲ့ ဆက်လက်ခင်မင်ရင်းနှီးရှိကြတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။  ပရိသတ်ကြီးလည်း ဒီနေ့မှာ မတ်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ လုလုအောင်ရဲ့သမီးလေး မွေးနေ့လေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်..Source: Lu Lu Aung’s Facebook