ခြင်ထောင်ထဲအိပ်ပျော်နေသူ အမျိုးသမီး၏ ကိုယ်လုံးပေါ် အမျိုးသားတစ်ဦး ရောက်နေမှု

2019-08-14 16:12:03


ခြင်ထောင်ထဲအိပ်ပျော်နေသူ အမျိုးသမီး၏ ကိုယ်လုံးပေါ် အမျိုးသားတစ်ဦး ရောက်နေမှု

ခြင်ထောင်ထဲအိပ်ပျော်နေသူ အမျိုးသမီး၏ ကိုယ်လုံးပေါ် ရောက်နေသူ အား အမှုဖွင့်။   ။ လှည်းကူးမြို့နယ် ၌ ညအချိန် အိပ်ပျော်နေသူအမျိုးသမီး ခြင်ထောင်အတွင်း ဝင်ရောက်နေသူ တစ်ဦးအား အရေးယူ ထားကြောင်း သိရသည်။


၂၀၁၉ ခု သြဂုတ် ၁၀ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာ ဆည်မြောင်း နေသူမှာ ၎င်း နေအိမ်တွင် ည(၁၁)နာရီခန့် ၌ သားဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် တရားလို၏ခြေထောက်မှာ အေးခနဲဖြစ်သွားသဖြင့် လန့်နိုးခဲ့ရာ အရက်နံ့ များဖြင့် အမျိုးသားတစ်ဦး မိမိကိုယ်ပေါ်တက်လာသဖြင့်ရုန်းကန် ၍ “ဘယ်သူလဲ” “ဘယ်သူလဲ” မေးရာ ၎င်းအမျိုးသားမှာ ခြင်ထောင်အတွင်းမှ ထွက်ပြေးသွားသဖြင့် ဓါတ်မီးဖြင့် လိုက်လံထိုးကြည့်ရာ မီးဖိုချောင်အကွယ် ၌ ရပ်နေသည့် တစ်ရွာတည်းနေ မြင်နိုင် ဆိုသူ မှာ အိမ်ရှေအပေါက် မှ ဆင်းပြေးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။


နေအိမ်အတွင်း ညအချိန် ခြင်ထောင် အတွင်း ပုန်းလျှိုးဝင်ရောက်ခဲ့သူ မြင့်နိုင်(၃၂)နှစ် ဆည်မြောင်း ဝါးနက်ကုန်းအုပ်စု လှည်းကူးမြို့နယ်နေသူအား ဥပဒေ အရအရေးယူပေးပါရန် သြဂုတ် ၁၃ ရက်နေ့ ၌ ဒေါ်စန်းစန်းဌေး မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းနိုင် အား လှည်းကူးမြို့မ ရဲစခန်းမှ (ပ)၂၀၂၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။


ညီညီ(လှိုင်သာယာ) Real News Distribution Agency