မူလီအခေါင်းကိုတောင် အလွတ်မပေးဘဲ ကမြင်းသူ၊ ဆေးရုံအရေးပေါ် တက်ခဲ့ရ

2019-08-14 16:06:20


မူလီအခေါင်းကိုတောင် အလွတ်မပေးဘဲ ကမြင်းသူ၊ ဆေးရုံအရေးပေါ် တက်ခဲ့ရ

အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မူလီခေါင်း အပေါက်ထဲကို သူရဲ့ ငယ်ပါနဲ့ မဖွယ်မရာလုပ်ခဲ့လို့ အရေးပေါ် ဆေးရုံပြေးခဲ့ရကြောင်း သိရပါတယ်။ သူကတော့ မတော်တဆ ဒီလိုဖြစ်သွားတာ ပြောပေမယ့်၊ တကယ်က မတော်တဆတော့ မဖြစ်နိုင်ပါဘူး။


သူရဲ့ ငယ်ပါဟာ မူလီခေါင်းထဲမှာ မဆန့်မပြဲ တစ်နေလို့ အတော်လေး ဒုက္ခခံခဲ့ရပြီး၊ သွေးကြောတွေတောင် ပိတ်နေတဲ့အထိပါ။ ဒီအဖြစ်အပျက်ဟာ ဟောင်ကောင်မှာ ယမန်နှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါတဲ့။ အမျိုးသားအမည်ကိုတော့ ဖော်ပြထားခြင်း မရှိဘဲ-




ဒေါက်တာတွေက ကနဦးတုန်းကတော့ ချောဆီတွေနဲ့ ချွတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ စိန်ဖြတ်လွှအသေးစားနဲ့ အသုံးပြုကာ မူလီကွင်းကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ဒါတောင်မှ သူရဲ့ ငယ်ပါမှာ ဒဏ်ရာ ပြင်းထန်စွာ ကျန်ရှိခဲ့ပါတယ်။




အမျိုးသားရဲ့ အဖြစ်အပျက် မှတ်တမ်းဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ဆင်ဆာဖြတ်တောက်ခြင်းမရှိဘဲ၊ ပျံ့နှံ့လာခဲ့လို့ သက်ဆိုင်ရာက သတိပေးချက်တွေ ထုတ်ပြန်ရသည်အထိ ဖြစ်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ဆေးရုံမှာ တစ်ပတ်ကြာ တက်ရောက်ခဲ့ရပြီး-


အခြေအနေ အားလုံးကောင်းမှ ဒေါက်တာတွေက ဆင်းခွင့်ပေးလိုက်တာပါတဲ့။ ဒီအဖြစ်အပျက်ကတော့ တစ်ခါတလေမှာ ဘေးအန္တရာယ်ကိုမမြင်ဘဲ လက်တည့်စမ်းလိုသူတွေအတွက်၊ ဆင်ခြင်စရာ ဖြစ်စေခဲ့ပါတယ်။ ဒီအကြောင်းကို Urology Case Reports ဂျာနယ်က ပြန်လည်ဖော်ပြခဲ့တာပါ။


နေသူရိန် (D Nae Thit)


source : LadBible