ဘာဂါ,စားနေရင်းနဲ့ သေသွားရင်၊ အုတ်ဂူ အလကားလုပ်ပေးမယ်ဆိုတဲ့ စားသောက်ဆိုင်

2019-08-14 13:37:19


ဘာဂါ,စားနေရင်းနဲ့ သေသွားရင်၊ အုတ်ဂူ အလကားလုပ်ပေးမယ်ဆိုတဲ့ စားသောက်ဆိုင်

ဗြိတိန်က စားသောက်ဆိုင်တစ်ခုမှာ သူတို့ လုပ်ထားတဲ့ ကယ်လိုရီ (၁၂၀၀၀)ပါတဲ့ ဘာဂါကို စားသုံးသူမည်သူမဆို စားနေရင်းနဲ့ သေသွားရင်၊ အုတ်ဂူအလကားလုပ်ပေးမယ်လို့ ဆိုပါတယ်။ အဲဒီဘာဂါဟာ အလေးချိန် (၁.၅)ကီလိုဂရမ် ရှိပြီး၊ ဝက်သားအလွှာ (၂၅)ထပ် ပါဝင်ပါသတဲ့။


ဆိုင်နာမည်ကတော့ George Pub and Grill ဖြစ်ပြီး၊ အဝလွန်ပြီး ကယ်လိုရီတက်မှာ ကြောက်တဲ့သူတွေကတော့ ဒီအစားအစာကို မစားပါနဲ့လို့တောင် ပြောပါတယ်။ တကယ်လို့ စားနေရင်းနဲ့ သေသွားရင် အုတ်ဂူဆောက်ဖို့ ပေါင်(၅၀၀) ပြန်ပြီး ချီးမြှင့်မှာပါတဲ့။




သူတို့ဆိုင်က ဘာဂါရဲ့ ရောင်းဈေးကတော့ ပေါင် (၂၈.၉၅)ဖြစ်ပြီး၊ ဝက်သားအလွာအပြင်၊ အမဲသားပြား (၁၀)ပြားနဲ့၊ အမေရိကန် ဒိန်ခဲအလွှာ ဒါဇင်ကျော် ထည့်သွင်းထုတ်လုပ်ထားပါတယ်။ နောက်ထပ် (၆.၆)ပေါင် ထပ်ပေးရင်၊ ဝက်သားအပြားတွေနဲ့ ဒိန်ခဲအရည် ထပ်ပြီး ပေးဦးမှာပါတဲ့။




ဘာဂါကို အာလူးချောင်းကြော်၊ တို့စရာဆော့တွေနဲ့ တွဲဖက်သုံးဆောင်ရမှာပါ။ ဘာဂါနာမည်ကိုတော့ Big Ben Number 10 လို့ ပေးထားပြီး၊ အစားအသောက် မက်တဲ့သူတွေအတွက် ထူးကဲစွာ စီမံထားတာလို့ ပိုင်ရှင် Craig Harker က ပြောပါတယ်။


ဒါပေမယ့် ဒီဆိုင်ရဲ့ စိန်ခေါ်မှုကိုတော့ သွေးကြောင်သူတွေ ဘေးရှောင်နေဖို့ Craig က ပြောပါတယ်။ နှစ်ယောက် (၃)ယောက် အတူခွဲစားမယ်ဆိုရင်လည်း အဆင်ပြေပေမယ့်၊ တကယ်အစားကြီးသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်လို့၊ စားရင်းနဲ့ သေသွားလည်း ကိစ္စမရှိဘူးဆိုသူတွေအတွက် သင့်လျှော်ပါသတဲ့။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : BirminghamMail