ဇနီးငါးယောက်နဲ့ ပျော်မြူးနေတဲ့ဗွီဒီယိုကို လိုင်းပေါ်တင်ခဲ့မိတဲ့ အမျိုးသားရဲ့နောင်တ

2019-08-14 13:31:23


ဇနီးငါးယောက်နဲ့ ပျော်မြူးနေတဲ့ဗွီဒီယိုကို လိုင်းပေါ်တင်ခဲ့မိတဲ့ အမျိုးသားရဲ့နောင်တ

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ အလွန်ဆန်းပွင့်ကြောင်း၊ သူ့မှာ မယား(၅)ယောက်ရှိကြောင်း ကြွားချင်လို့၊ ဗွီဒိယို Live တင်ခဲ့ပါတယ်။ တကယ်တော့ သူ့မိန်းမက တစ်ယောက်ထဲပါ။ အခြားအမျိုးသမီး သူငယ်ချင်း (၄)ယောက်နဲ့ ကားပေါ်မှာ အူမြူးနေခဲ့တာ ဖြစ်ပါတယ်။


သူက အမျိုးသမီးတွေ အကုန်လုံးကို တင်စားပြီး ” မြန်နှုန်းမြင့်မားစွာ ဇနီးငါးယောက်နဲ့ ကျွန်တော်”ဆိုပြီး လိုင်းပေါ် တင်ခဲ့တာပါ။ မှတ်ချက်ရေးသူတစ်ယောက်ကတော့ ” အားကျလိုက်တာ အစ်ကိုရာ “ဆိုပြီး ရေးခဲ့သလို၊ အခြားတစ်ဦးက ” သိပ်ပျော်နေမှာပေါ့ “လို့ ရေးခဲ့ပါတယ်။




အခြားတစ်ဦးကတော့ ” ဒီလိုဘဝမျိုး အိပ်မက် မက်နေတာ ကြာပါပြီ “လို့ ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဇနီး(၅)ဦးဆိုတာ သူ့ဘာသာသူ တင်စားပြောတာပါ။ ပြောရရင် ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား ဒီလောက်ကတော့ အသေးအဖွဲ့ဖြစ်ပါလိမ့်မယ်။ အသေးအဖွဲ့ မဟုတ်တာက ယာဉ်ထိန်းရဲတပ်ဖွဲ့ပါ။




သူရဲ့ဗွီဒီယိုကိုကြည့်ပြီး တစ်စုံတစ်ယောက်က မနာလိုစွာနဲ့ ရဲကို သတင်းပေးတိုင်ကြားခဲ့တာပါ။ ကားပေါ်မှာ လူ(၆)ယောက်အထိ ရှိနေတာဟာ ဝန်ပိုတင်ဆောင်မှု ဖြစ်ပါတယ်။ ဒါကြောင့် ရဲကို လှမ်းတို့ခဲ့ရာ၊ သိပ်မကြာမီမှာပဲ ရပ်တန့်စစ်ဆေးခံလိုက်ရပါတယ်။ ဒဏ်ငွေ ယွမ်(၂၀၀) ပေးဆောင်ခဲ့ရပါသတဲ့။


နေသူရိန် (D Nae Thit & D Nae Khit)


source : WorldOfBuzz