အတူနေတဲ့အသံဖိုင်ကို ဝေဠုကျော်နဲ့အတူနားထောင်မှ အဆင်ပြေမှာပါဆိုတဲ့ သင်းသင်း

2019-08-14 10:22:41


အတူနေတဲ့အသံဖိုင်ကို ဝေဠုကျော်နဲ့အတူနားထောင်မှ အဆင်ပြေမှာပါဆိုတဲ့ သင်းသင်း

ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရတဲ့သရုပ်ဆောင်ဝေဠုကျော်နဲ့တရားလို သင်းသင်းတို့ ရုံးချိန်းမှာတော့သင်းသင်းဟာ အတူဆက်ဆံချိန်မှာ သက်သေခံအဖြစ်သွင်းခဲ့တဲ့အသံဖိုင်ကို ရုံးတော်သို့ တင်ပြခဲ့ပါတယ်။အသံဖိုင်ကြောင့် အဆိုပါအမှုအပေါ် လူစိတ်ဝင်စားမှုပိုမိုမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။


သင်းသင်းဟာ ဝေဠုကျော်နဲ့ ၇ လ ၈ လကျော်ကြာ လင်မယားလိုပေါင်းသင်းခဲ့တာကြောင့် ဝေဠုကျော်အကြောင်းကို သူမလောက်သိနိုင်တဲ့လူမရှိပါဖူးလို့လဲ သင်းသင်းက မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာပြောခဲ့ဖူးတာလဲဖြစ်ပါတယ်။

 

မနေ့က ရုံးချိန်းမှာတော့ တရားလိုရဲ့ရှေ့နေ့ပ အသံဖိုင်နားထောင်မယ်လို့တောင်းဆိုခဲ့ပါတယ်” လို့မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောပြလာတာဖြစ်ပါတယ်။


“ဝေဠုကျော်ရဲ့ရှေ့နေက သူအာမခံပြီးတော့ အသံဖိုင်ကို နားထောင်မယ် လို့တောင်းဆိုခဲ့ပေမဲ့ ကန့်ကွက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသံဖိုင်ကို တရားခံနဲ့တရားလိုနှစ်ယောက်အတူနားထောင်မှပဲအဆင်ပြေမှာပါ။

 

တချို့ ပြဿ နာတွေဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်တာပါ”လို့ မနေ့ရုံးချိန်းမှာ ပြောလိုက်ခဲ့ပါတယ်။


Credit – padonmar