စိတ်ညစ်နေတိုင်း စိတ်ဓာတ်ကျနေတိုင်း ဒီစာလေးကိုဖတ်ပေးပါ

2020-03-15 08:27:53


စိတ်ညစ်နေတိုင်း စိတ်ဓာတ်ကျနေတိုင်း ဒီစာလေးကိုဖတ်ပေးပါ

စိတ်ညစ်နေတိုင်း စိတ်ဓာတ်ကျနေတိုင်း ဒီစာလေးကိုဖတ်ပေးပါ


လူတိုင်းအတွက် မနက်ဖြန်ဆိုတာဘယ်သူမှသေချာတာမဟုတ်ဘူးဒါပေမယ့်မသေချာတာကို အကြောင်းပြ ရပ်နေလို့ရော ရမလား။မင်းတို့ ငါတို့ သေတဲ့အခါဘာဆို ဘာမှ ပါမသွားဘူးဒါပေမယ့်မပါတာကိုအကြောင်းပြ ရပ်နေလို့ရော ရမလား ။။


ဘဝဆိုတာလှုပ်ရှားရုန်းကန်နေသမျှ ရှန်သန်နေကြမှာပဲအနိုင်နဲ့အရှုံးဆိုတာ လူတိုင်း လူတိုင်းတွေ့ကြုံနေကြတာမို့ နိုင်တဲ့အခါလည်း မအော်နဲ့ရှုံးတဲ့အခါလည်း မငြီးနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ဟာ မင်းဘဝအတွက် ခံတပ်ပါပဲ ။


မင်းခံတပ်ကို မင်းပြန်စစ်အက်နေရင် ဖာ ၊ နိမ့်နေရင် ဖို့ ပြိုနေရင်အသစ်တည်ဆောက် စိတ်ဓာတ်ခိုင်မာသူအတွက် ကြောက်တဲ့အရာ ဒီလောကမှာမရှိဘူး ။စိတ်ဓာက်ခိုင်မာသူအတွက်မဖြစ်နိုင်တာဒီလောကမှာမရှိဘူး ။စိတ်ဓာတ်ခိုင်မာသူအတွက်အခက်အခဲ ဆိုတာစာဖွဲ့လောက်စရာမဟုတ်ဘူး ။စိတ်ဓာတ်ခိုင်မာသူအတွက်အောင်မြင်မှု ဆိုတာမရမှာ ပူစရာမလိုဘူး ။


စိတ်ဓာတ်ခိုင်မာသူအတွက်အရာရာတိုင်းဟာ အောင်ပွဲနဲ့စောင့်နေမှာမို့ထစ်ကနဲ့ဖြစ် စိတ်မညစ်နဲ့ဘယ်တော့အခါမှ စိတ်ဓာတ်မကျနဲ့။အရှင်ပညာဓဇ(လရိပ်လေး)/မျိုးဆက်သစ်မေတ္တာရှင်