မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူးလို့ ​ပြောလို့ ရိုက်​သတ်

2019-08-14 02:13:59


မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူးလို့ ​ပြောလို့ ရိုက်​သတ်

ပဲခူးတိုင်း​ဒေသကြီး ၊ပြွန်​တန်​ဆာမြို့၊စည်​ပင်​​ကျေးရွာ ၌သူငယ်​ချင်းနှစ်​ဦးအရက်အတူ သောက်ရာမှ” မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူး” ဟု ပြောကြားသဖြင့်​လူသတ်​မှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။


ဖြစ်​စဉ်​မှာသြဂုတ်​ ၉ ရက်၁၂၃၀ အချိန်ခန့်တွင် ပြွန်တန် ဆာမြို့၊ စည်ပင်ကျေးရွာရှိ ငါးကန်ထဲတွင် ရေနစ်သေဆုံး နေသော အမျိုးသားအလောင်း(၁)လောင်း တွေ့ရှိကြောင်း သတင်းအရ ပြွန်တန်ဆာနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါ ကန်၏ ဒိုက်ပင်အောက်တွင် အမျိုးသား(၁)ဦးအား မှောက်လျက်အနေအထားဖြင့် ပုပ်ပွလျက်သေဆုံး နေသည်ကိုတွေ့ရှိ ရသဖြင့် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖြင့် အမှုဖွင့် ဆောင် ရွက်ခဲ့ပြီး အမှုမှ သေဆုံးသူအား မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း ဆောင်ရွက်ခဲ့ရာသေဆုံး သူမှာ ဖဒိုမြို့၊ တောင်ပေါ်စုကျေးရွာနေ ဇော်ဝင်း (၄၀)နှစ် ဖြစ်ကြောင်း သိရှိရသည် ။




ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် စခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ ရာ သေဆုံးသူသည်သြဂုတ်​ ၇ ရက်၊နေ့လည် ၁၂၀၀ အချိန် ခန့်တွင် စည်ပင်ကျေးရွာနေ ကိုခင်နိုင် (၄၄)နှစ်၏ နေအိမ် သို့ သွားရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် သြဂုတ်​ ၁၁ ရက်တွင် ကိုခင်နိုင် အား ရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေး ဆောင်ရွက်ခဲ့သည် ။


ထိုသို့ စစ်ဆေး ရာ ကိုခင်နိုင် သည် သေဆုံးသူ ဇော်ဝင်း နှင့် ခင်မင်ရင်းနှီးသူဖြစ်ကြောင်း၊သြဂုတ်​ ၇ ရက် ၁၄၀၀ အချိန်ခန့်တွင် ဇော်ဝင်းသည် ၎င်း၏နေအိမ်သို့ ရောက်ရှိ လာသဖြင့် အရက်အတူ သောက်ခဲ့ ကြောင်း၊ ဇော်ဝင်းမှ ကိုခင်နိုင်အား ” မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မ ဟုတ်ဘူး” ဟု ပြောသဖြင့် ကိုခင်နိုင် မှ ဆက်မပြောရန် တားမြစ်ခဲ့သော်လည်း ဇော်ဝင်းမှ ဆက်လက်ပြောဆိုနေ သည့်အတွက်




စကားများ ရန်ဖြစ်ပြီး ကိုခင်နိုင် မှ အနီးရှိ သစ်သားတုတ်ဖြင့် ဇော်ဝင်း၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ ၍ နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း၊အလောင်း အား လှေပေါ်သို့တင်ဆောင်ပြီး စည်ပင် ကျေးရွာရှိ ငါးကန်ထဲတွင် သွားရောက် စွန့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သော ကြောင့်ပြွန်တန်ဆာနယ်မြေရဲ စခန်းတွင် သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ထား ရာမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) သို့ ပြောင်းလဲ အမှုဖွင့်ဆောင်ရွက်ခဲ့သည် ။


အမှုမှ သေဆုံးသူ ဇော်ဝင်း အား ရိုက်နှက်သတ်ဖြတ်ကာ အလောင်းအား စွန့်ပစ်ဖျောက် ဖျက်သူ တရားခံ ကိုခင်နိုင် အား သြဂုတ်​၁၁ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒနှင့် အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်​။


Media TOP 4 (ApannPyay)