စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲ

တွယ်တာမှုတွေမရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။

“ရာဟုလာတဲ့၊ မင်းရဲ့စိတ်ကလေးကို မြေကြီးနဲ့အလားတူအောင်၊ မြေကြီးကဲ့သို့ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ”တဲ့။

မြေကြီးကဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေမြေကြီးပေါ်မှာ ကောင်းတာလည်းချကြတယ်၊ မကောင်းတာလည်းချတယ်၊ သန့်ရှင်းတာလည်းချတယ်၊ ရွံစရာတွေလည်းချတယ်။

သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ မြေကြီးကပြောင်းလဲမှုမရှိဘူး၊ တည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို တည်ငြိမ်အောင်လုပ်လို့ပြောတာ။

မျက်စိကအဆင်းအာရုံကိုမြင်တဲ့အခါမှာ ကောင်းတာလေးတွေ့ရင်ကြိုက်လိုက်တာ၊ မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့ မဖြစ်စေရဘူးလို့ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်ကတည်ငြိမ်သွားတယ်။

ကောင်းမကောင်း၊ကြိုက်မကြိုက်အပေါ်မှာ လောဘလည်းမဖြစ်နဲ့၊ ဒေါသလဲမဖြစ်နဲ့၊ မြေကြီးလိုစိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်။ ဒါလေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။

နောက်တစ်ခုကဘာတုန်းဆိုရင် ရေနဲ့အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲလေ့ကျင့်ပေးတဲ့။ ရေဆိုတာအညစ်အကြေးတွေးလည်း ဆေးကြောတာပဲ၊ စိန်တို့ကျောက်တို့လည်းဆေးတာပဲ။ အကောင်းလည်းဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။

ရေကအညစ်အကြေးတွေဆေးရလို့ သူကစိတ်ပျက်တာမရှိဘူး၊ အကောင်းဆေးရလို့လဲ၀မ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်း၀မ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။ လောဘ၊ဒေါသမဖြစ်အောင် ရေလိုအလားတူခိုင်မာသွားအောင် စိတ်ကိုလေ့ကျင့်ပေးပါတဲ့။

နောက်တစ်ခုကဘာတုန်းဆိုရင်မီး၊ မီးဆိုတာလည်းအတူတူပဲ။ ကောင်းတာလည်းလောင်လိုက်တာပဲ၊ မကောင်းတာလည်းလောင်တာပဲ။ ကောင်းတာကျတော့လောင်ချင်တယ်၊ မကောင်းတာကျတော့ မလောင်ချင်ဘူးလို့ မီးကချေးများတာမရှိဘူး။

အဲဒါလိုပဲကိုယ့်စိတ်ကလေးကို မီးနဲ့အလားသဏ္ဍာန်တူအောင် ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။ အာရုံတွေတွေ့လာတဲ့အခါမှာ နှစ်သက်စရာတွေ့လို့လည်း လောဘမဖြစ်နဲ့၊ မနှစ်သက်စရာအာရုံတွေ့လို့လည်း ဒေါသမဖြစ်နဲ့။

စိတ်ကလေးကိုမီးကဲ့သို့ တည်ငြိမ်မှုရအောင်၊ တေဇောဓာတ်ကဲ့သို့တည်ငြိမ်မှုရအောင် ကြိုးစားအားထုတ်ပါတဲ့။ နောက်တစ်ခုကျတော့ လေလိုတည်ငြိမ်အောင်ကြိုးစား။ လေကဘယ်လိုတည်ငြိမ်တာတုန်းဆိုရင် ကောင်းတာကိုလည်းတိုက်ခတ်တယ် မကောင်းတာကိုလည်းတိုက်ခတ်တယ်။

ဘယ်ဟာလဲဖြစ်ဖြစ်လေဟာ မကောင်းတဲ့အနံ့ကိုလည်းသယ်လာတာပဲ၊ ကောင်းတာကိုလည်းသယ်တာပဲ၊ ဟာအပုပ်နံ့ကြီး ငါမတိုက်ချင်ဘူးလေကမငြင်းဘူး၊ ပန်းနံ့ကလေးကျတော့ငါမွှေးလို့ ငါတိုက်ချင်တယ်လို့လည်းမပြောဘူးတဲ့။

လေရဲ့သဘောဟာ အဆိုးအကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊ အဲဒီလိုကိုယ့်စိတ်လေးဟာ ကောင်းတာနဲ့တွေ့ရင်နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင်မုန်းတီးတယ် ရွံရှာတယ်ဆိုတာမျိုး မဖြစ်စေနဲ့တဲ့။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ရမယ်၊ ဟောဒီလိုဟောတာ။

နောက်တစ်ခုကကိုယ့်စိတ်ကလေးကို အာကာသဟင်းလင်းပြင်လို ဖြစ်အောင်လေ့ကျင့်ရမယ်။ အာကာသဟင်းလင်းပြင်ဆိုတာ ဘယ်အရာကိုမှ အမှီပြုနေတာမျိုးမရှိဘူး။ အာကာသဆိုတာဘာမှမရှိတဲ့ ကွက်လပ်လေးတွေကိုပြောတာနော်။

အဲဒီကွက်လပ်လေးတွေထဲမှာ အကောင်းအဆိုးဆိုတာ ပြောလို့မရသလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲ ကောင်းတာတွေ့ရင်လောဘမဖြစ်ဖို့၊ မကောင်းတာတွေ့ရင်လည်းဒေါသမဖြစ်ဖို့ စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင် ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားကရာဟုလာကိုဒီလိုဟောတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။ မူရင်းရေးသားပူဇော်သူကိုလည်း ဂါရဝပြုပါသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ပြုနိုင်ကြပါစေ။

တွယ်တာမှုတွေမရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။

“ရာဟုလာတဲ့၊ မင်းရဲ့စိတ်ကလေးကို မြေကြီးနဲ့အလားတူအောင်၊ မြေကြီးကဲ့သို့ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ”တဲ့။

မြေကြီးကဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေမြေကြီးပေါ်မှာ ကောင်းတာလည်းချကြတယ်၊ မကောင်းတာလည်းချတယ်၊ သန့်ရှင်းတာလည်းချတယ်၊ ရွံစရာတွေလည်းချတယ်။

သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ မြေကြီးကပြောင်းလဲမှုမရှိဘူး၊ တည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို တည်ငြိမ်အောင်လုပ်လို့ပြောတာ။

မျက်စိကအဆင်းအာရုံကိုမြင်တဲ့အခါမှာ ကောင်းတာလေးတွေ့ရင်ကြိုက်လိုက်တာ၊ မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့ မဖြစ်စေရဘူးလို့ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်ကတည်ငြိမ်သွားတယ်။

ကောင်းမကောင်း၊ကြိုက်မကြိုက်အပေါ်မှာ လောဘလည်းမဖြစ်နဲ့၊ ဒေါသလဲမဖြစ်နဲ့၊ မြေကြီးလိုစိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်။ ဒါလေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။

နောက်တစ်ခုကဘာတုန်းဆိုရင် ရေနဲ့အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲလေ့ကျင့်ပေးတဲ့။ ရေဆိုတာအညစ်အကြေးတွေးလည်း ဆေးကြောတာပဲ၊ စိန်တို့ကျောက်တို့လည်းဆေးတာပဲ။ အကောင်းလည်းဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။

ရေကအညစ်အကြေးတွေဆေးရလို့ သူကစိတ်ပျက်တာမရှိဘူး၊ အကောင်းဆေးရလို့လဲဝမ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်းဝမ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။ လောဘ၊ဒေါသမဖြစ်အောင် ရေလိုအလားတူခိုင်မာသွားအောင် စိတ်ကိုလေ့ကျင့်ပေးပါတဲ့။