ည၁၂နာရီမှာမျက်ရည်တွေကျခဲ့ရပြီခလေးရယ်

2019-07-27 13:55:58


ည၁၂နာရီမှာမျက်ရည်တွေကျခဲ့ရပြီခလေးရယ်

ဒီည၈:၃၀လောက်မှာကျမထံ မိတ်ဆွေအကိုကဗိုက်ဘာနဲ့ပို့လာတယ် ညီမတဲ့ မြဝတီတံတားထိပ်ပလက်ဖောင်းပေါ်မှာ
မြန်မာစကားလည်းသိပ်မတတ်တဲ့ ကရင်လင်မယား ခလေးကိုပွေ့ပြီးဒုက္ခဖြစ်နေတယ်တဲ့..

ခလေးက ဝမ်းဗိုက်တွေဖောရောင်ပြီး ဆီးပိုက်တပ်ထားတာသွေးတွေကျနေတယ် ကူပါအူန်းတဲ့..ကျမလည်းပုံကြည့်မိတာနဲ့ချက်ချင်းပြေးသွားခဲ့တဲ့အခါဦးလှထွန်း လူမှူကူညီရေးအဖွဲ့ကားရောက်နေပြီး ခလေးကိုခလေးမိဘတွေနေရပ်ပြန်ပို့ဖို့လုပ်နေတယ်..


အစကကျမစိတ်ထင် ခလေးကမိန်းခလေး မဒိန်းမှူဖြစ်လို့များဒီပုံသွေးတွေထွက်သလားပေါ့ လူလည်းထူပူပြီး ခလေးကို
အောက်ပိုင်းလှန်လှောကြည့်တော့ ခလေးကယောင်္ကျားလေးဗိုက်ကပူဖောင်းပြီး ဆီးစပ်မှာခွဲရာပလာစတာကြီးနဲ့..

မိဘတွေကိုမေးမြန်းတော့ လည်လည်ပတ်ပတ်ဘာမှမေးမရရွာက ထိဝါကလေးကရင်ရွာကတဲ့ ရွာပြန်မယ်ပဲပြောတယ်

မဲဆောက်ဆေးရုံကပြန်သယ်လာတာတဲ့ ဆရာဝန်ဘာပြောလဲမေးတော့ လည်လည်ပတ်ပတ်ဘာမှသေချာမေးမရပဲမရတော့ဘူးပြောတယ် ပြန်မယ်တဲ့..

ပိုက်ဆံမတတ်နိုင်လို့ဒီခလေးကိုပဲမခွဲသလား ဒီခလေးကိုစကားပြန်တာပဲလွဲနေသလား ဘာပဲဖြစ်ဖြစ် ကောက်ရိုးတစ်မျှင်စာလောက်မျှော်လင့်ရရင်လည်း ကျမရအောင်ကူကြည့်အူန်းမယ်ဆိုပြီး လှေဆိပ်ကိုသယ်သွားပြီးတော့မဲဆောက်ဆေးရုံဆီကားငှားပြေးခဲ့ကြတယ်..


မဲဆောက်ဆေးရုံရောက်တော့ အမဆိုင်ဒါမိတ်ဆွေ ထိုင်းပုလိပ်ကြီး ဇနီးမောင်နှံထံအကူညီတောင်းကာ ဆရာဝန်နဲ့
စစ်ဆေးဆွေးနွေးကြည်တယ် ဒီခလေးကိုကယ်လို့လို့ရမယ်ဆိုရင်ခွဲစိတ်ပေးဖို့ ကုန်ကျစားရိတ်များမယ်ဆိုလည်း ကျမတို့ဘက်ကကျသင့်သလိုပေးချေပါ့မယ် ရအောင်ကယ်ပေးပါလို့ပြောကြည့်ကြတယ်

ဆရာဝန်ကပြောတယ် ခလေးက သွေးကင်ဆာဟာအဆူတ် အသဲ ကျောက်ကပ်အားလူံး ပြန့်လို့ကင်ဆာအဆင့်၎ကိုရောက်နေပြီမို့ကုမရတော့ပါဘူးတဲ့..


အလွန်ဆူံးနေရမှနောက်(၃)ရက်လောက်သာပဲမို့ပြန်ခေါ်သွားခိုင်းတယ်..

အချိန်ကြည့်တော့ည၁၂နာရီထိုးလုပြီ..ဆရာဝန်က ခလေးမိဘကို ဖြောင်းဖြတယ်..ခလေးမိခင်ကခလေးကိုဖက်ဖက်ပြီးငိုနေတာမြင်ရတာရင်တွေနာလိုက်တာ..


ခလေးကိုပြန်လှေဆိပ်ကပဲပြန်သယ်ခေါ်လာပြီးသူတို့ထိဝါကလေးကရင်ရွာဆီ ဦးလှထွန်းလူမှူကူညီရေးအဖွဲ့ကားနဲ့ပြန်ချိတ်ဆက်ပြီးပို့ပေးလိုက်ကြပါတယ်..

ခလေးမိဘတွေအဖြစ်ကိုမြင်ပြီးညသန်းခေါင်လှေနဲ့သောင်ရင်းမြစ်ကူးကြောက်စရာကောင်းတဲ့ရေလယ်ကျွန်းဖြတ်ရတဲ့အကြောက်တောင် ဘယ်ရောက်ကုန်တယ်မသိတော့ဘူး..


ခလေးမိဘကိုနှစ်သိမ့်ပေးပြီးအလှူငွေ၁သိန်းကျပ်လိုရာသူံးဖို့လှူဒါန်းလိုက်ပါတယ်..အင်မတန်စိတ်ထိခိုက်ရတဲ့အဖြစ်ပျက်ပါပဲ..


ခလေးလေးရေ မင်းကံဆိုးလိုက်တာကုသဖို့ကူညီကြသူတွေနဲ့တိုးတာတောင်ခလေးအသက်ကိုကယ်တင်လို့ငွေနဲ့လဲလို့မရခဲ့ဘူး..

Daw Nway Nway