ဗစ်တိုးရီးယားရဲ့မိခင် ထွက်ဆိုအပြီး ထူးခြားချက်

2019-08-14 02:06:54


ဗစ်တိုးရီးယားရဲ့မိခင် ထွက်ဆိုအပြီး ထူးခြားချက်

ဗစ်တိုးရီးယားရဲ့ မိခင် ထွက်ဆိုအပြီး ထူးခြားချက်များ


Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက်သုံးနှစ်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အတွက် သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ထပ် တရားရုံးချိန်း တစ်ခုကို နေပြည်တော်မှာ ဆက်လက် စစ်ဆေးကြဖို့ ရှိနေပါတယ်။


ဗစ်တိုးရီးယားလို့ လူသိများတဲ့ ဒီအမှုမှာ သံသယ တရားခံအဖြစ် ကျောင်းအုပ်ချုပ်ရေးမှူး ရဲ့ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို ရဲဘက်က တရားရုံးတင် အမှုဖွင့်ထားပါတယ်။


ဒီအမှုရဲ့ပြီးခဲ့တဲ့ ရုံးချိန်း ၂ ချိန်းမှာတော့ ကာယကံရှင် ကလေးရဲ့ မိခင်ဖြစ်သူက ရုံးတော် မှာ တရားလိုအဖြစ် အစစ်ဆေးခံခဲ့ပြီး သံသယ တရားခံဘက်က ရှေ့နေကလည်း မိခင်ကို ပြန်လှန်မေးခွန်း ထုတ်ခဲ့ပါတယ်။


သြဂုတ်လ ၁၄ ရက် ရုံးချိန်းမှာတော့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သက်သေအဖြစ် ထွက်ဆိုဖို့ ရှိနေပါတယ်။ပြီးခဲ့တဲ့ ရုံးချိန်းတွေက အခြေအနေတွေအပေါ် မိသားစုဘက်က ဘယ်လိုသဘောထား ရှိလဲဆိုတာ သိနိုင်အောင် ကာယကံရှင်မိသားစု ဘေးမှာ အနီးကပ် ရှိနေတဲ့ မိတ်ဆွေ ဆရာဝန် ဒေါက်တာဝင်းကိုကိုသိန်းကို မိသားစုရဲ့ သဘောတူ ခွင့်ပြုချက်နဲ့အတူ ဘီဘီစီက တွေ့ဆုံမေးမြန်းထားပါတယ်။


BBC Burmese