တစ်ခြားကလေးတွေနဲ့ သူတို့ရဲ့မိခင်တွေ က,တာကိုကြည့်ပြီး ကြိတ်ငိုနေတဲ့ ကျောင်းသားလေး

2019-08-13 23:12:11


တစ်ခြားကလေးတွေနဲ့ သူတို့ရဲ့မိခင်တွေ က,တာကိုကြည့်ပြီး ကြိတ်ငိုနေတဲ့ ကျောင်းသားလေး

ထိုင်းနိုင်ငံက မူလတန်းကျောင်းသားလေးတစ်ယောက်ဟာ မိခင်များနေ့မှာ သူများကလေးတွေနဲ့ သူတို့ရဲ့မိဘတွေ အတူတူ ဆော့ကစားနေတာကိုကြည့်ပြီး၊ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရပါသတဲ့။ ဒီဓာတ်ပုံဗွီဒီယိုလေးတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက်-


အဲဒီကလေးရဲ့အကြောင်းကို တော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ အဲဒီကျောင်းက မိခင်များနေ့မှာ ကျောင်းသားတွေကို သူတို့ မိခင်တွေခေါ်လာပြီး၊ ကျောင်းက လုပ်ပေးတဲ့ အစီအစဉ်တွေကို ပါဝင်ဆင်နွှဲဖို့ ခွင့်ပြုခဲ့ပါတယ်။ ကလေးမိခင်တွေ စုံလင်စွာ လာရောက်ခဲ့ကြပြီး-




သူတို့ ကလေးတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြတာ ပျော်စရာပါဘဲ။ ဒါပေမယ့် ဒီကောင်လေးကတော့ သူများတွေ ပျော်နေတာကို ကြည့်ပြီး ကြိတ်ကာ ငိုကျွေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ Om Noi ခရိုင်ခွဲ၊ Rumpa School ကျောင်းမှာ ဖြစ်ခဲ့တာပါ။




တကယ်တော့ အဲဒီကျောင်းသားလေးမှာ မိခင်ရှိပါတယ်။ သူမက အဲဒီပွဲကို အချိန်မီရောက်မလာခဲ့တာပါတဲ့။ သူမဟာ ညဈေးရောင်းနိုင်ဖို့ ပြင်ဆင်နေရတာကြောင့် ကျောင်းပွဲပြီးလုပြီးခင်ကျမှ ရောက်လာခဲ့ရပါတယ်။ တစ်ချို့ကတော့ မိခင်ကို ပြစ်တင်ဝေဖန်နေကြပေမယ့်-




တစ်စုံတစ်ယောက်ရဲ့ အခက်အခဲဆိုတာ ကိုယ်တိုင် မကြုံရဘဲနဲ့တော ကိုယ်ချင်းစာဖို့ မလွယ်ဘူးလေ။ သူမအနေနဲ့လည်း ကျောင်းရဲ့ အခုလို ထူးခြားတဲ့ပွဲလေးကို တက်ရောက်ချင်ပေမယ့်၊ ဘဝပေးအခြေအနေကို ပိုပြီး ဦးစားပေးနေရတာဖြစ်လို့ ချို့ယွင်းချက်တွေ ဖြစ်ခဲ့ရတာပါ။


နတ်စည်တော် (D Nae Thit & D Khit Thit)


source : WorldOfBuzz