ရေချိုးခန်းထဲမှာ တွေ့ရတဲ့ ကြောက်မက်ဖွယ် မြွေကြီး

2019-08-13 18:36:35


ရေချိုးခန်းထဲမှာ တွေ့ရတဲ့ ကြောက်မက်ဖွယ် မြွေကြီး

ငါးပေလောက်ရှိတဲ့ စပါးအုံးမြွေကြီးဟာမျက်နှာကြက်ပေါ်မှတစ်ဆင့် သွားတိုက်နေတဲ့ ကလေးတစ်ယောက်ရဲ့ အပေါ်ကို တွဲလှဲခိုကြည့်နေခဲ့တာပါ။ သို့ပေမယ့် အလျင်အမြန်တွေ့ခဲ့ရလို့ အော်ဟစ်အကူအညီတောင်းရာ လူကြီးများရောက်လာပြီး မြွေဖမ်းကျွမ်းကျင်သူ Bryce Lockett ကို အကြောင်းကြားဆက်သွယ်ခဲ့ပါတယ်။


ထိုသူရောက်ရှိလာပြီး ထိုစပါးအုံးမြွေကို ဖယ်ရှားပေးကာ ချောင်းအနီးတစ်ဝိုက်နားကို လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ကြည့်ရတဲ့ပုံကတော့ အိမ်သာကလာတယ်လို့ ခန့်မှန်းသိရှိရတယ်လို့ ဆိုပါတယ်။ မြွေဖမ်းသူအနေနဲ့ ဒီစပါးအုံးမြွေတွေက တော်ရုံတန်ရုံ အန္တရာယ်ပြုတတ်တဲ့ သတ္တဝါတွေမဟုတ်ကြောင်း ပြောပြသွားခဲ့ပါတယ်။




စပါးအုံးများဟာ သွေးအေးသတ္တဝါများဖြစ်ပြီး ညဘက်မှာသာ ကျက်စားတဲ့ မြွေတွေပါ။ စပါးအုံးမြွေတွေဟာ သူတို့ကို နှောက်ယှက်စနောက်ရင် အလွန်ဒေါသကြီးတဲ့ သတ္တဝါမို့ မနှောက်ယှက်ရင် ဘာအန္တရာယ်မှ မပြုနိုင်ဘူးလို့ ပြောပြသွားခဲ့ပါတယ်။ သူကတော့ မြွေဖမ်းပေးတဲ့ အလုပ်လုပ်လာတဲ့ ၇ နှစ်ရှိပြီဖြစ်ပြီး အသက်ကတော့ ၂၄ နှစ်ပါ။ သူမှာ ကိုယ်ပိုင်မြွေအချို့ရှိတာကြောင့် ဘယ်လိုအန္တရာယ်မျိုးကိုမှ ကြောက်စရာမလိုဘူးလို့လည်း ပြောခဲ့ပါသေးတယ်။


သူမြွေဖမ်းလာသော သက်တမ်းတစ်လျှောက်မှာ မြွေတွေကို နေရာအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ တွေ့ဖူးတယ်လို့ဆိုပါတယ်။ ဒီမြွေကြီးက မျက်နှာကြက်က မီးသီးကြီးကို အမှီပြုပြီး နေရခြင်းဟာ မီးကအပူကို ကြိုက်နှစ်သက်တာကြောင့်လို့ ပြောသွားခဲ့ပါတယ်။ ထိုမြွေတွေဟာသွေးအေးသတ္တဝါဖြစ်တာကြောင့်လို့ သိရပါတယ်။




အရင်နှစ်ကလည်း ဒီလိုမြွေမျိုးကို ရေချိုးခန်းထဲမှာ တွေ့ခဲ့ရတဲ့ လူတစ်ဦးလည်း ရှိပါသေးတယ်။ ထိုမြွေကတော့ ၈ ပေရှိတယ်လို့ဆိုပါတယ်။ အသက် ၆၀ အရွယ်ရှိသူ မျက်မမြင်တစ်ဦးရဲ့ဖြစ်ရပ်ပါ။ အဖိုးအိုရဲ့နာမည်ကတော့ Stuart Saunders ဖြစ်ပြီး ထိုနေ့က သီချင်းနားထောင်နေခဲ့တာ ဖြစ်ပါတယ်။ ရုတ်တရက် ရေချိုးခန်းထဲမှ အသံအချို့ကြားတာကြောင့် သွားရောက်ရာ ပစ္စည်းများက ဟိုတစ်စဒီတစ်စ ကျနေခဲ့တာကို မျက်မမြင်အဖိုးအိုဟာ ကောက်တင်နေခဲ့တာပါ။




တစ်နေရာမှာတော့ ပိုက်ရှည်ကြီးတစ်ပိုက်ကို စမ်းမိပြီး အကြိမ်ကြိမ်ဆွဲထုတ်ပြီးမဖို့ ကြိုးစားနေခဲ့တာပါ။ သို့ပေမယ့် ပိုက်ဟာအလွန်လေးလံနေတယ်လို့ ထင်နေခဲ့ပါတယ်။ ထိုအချိန် အိမ်သားတစ်ဦးဝင်လာပြီး အလန့်တကြားအော်လိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဖိုးအို ကြိုးကြိုးစားစားမနေတဲ့ အရာဟာပိုက်မဟုတ်ဘဲ စပါးအုံးမြွေတစ်ကောင်ဖြစ်နေခဲ့တာပါ။အဖိုးအနေနဲ့ အတော်လေးကံကောင်းတယ်လို့ ဆိုရမှာပါ။ ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့လို့ပါ။


AlinnMyay ပရိတ်သတ်ကြီးရော ဒီလို ဖြစ်ရပ်မျိုးကြုံဖူးကြလား။ ကြုံရင်လည်းမသတ်ကြပါနဲ့နော်။ မြွေဆိုတာ အငြိုးကြီးတဲ့အမျိုးမို့ပါ။ မြွေဝင်ရင် ငွေဝင်တယ်ဆိုတဲ့ စကားပုံကိုလည်း ကြားဖူးကြမှာပါ။ အစစအရာရာ ဂရုစိုက်ပါနော်။




San Htet Wai-AlinnMyay(အလင်းမြေ) Source-Mirror


ApannPyay