ဝီစကီတွေ အမူးသောက်ပြီး ချစ်ဇနီးလေးကို ကပ်ချွဲနေတဲ့ နိုင်းနိုင်းရဲ့ဗီဒီယို

2019-08-13 17:33:51


ဝီစကီတွေ အမူးသောက်ပြီး ချစ်ဇနီးလေးကို ကပ်ချွဲနေတဲ့ နိုင်းနိုင်းရဲ့ဗီဒီယို

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သရုပ်ဆောင် နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နိုင်းနိုင်းရဲ့ချစ်ဇနီးလေးက ဝီစကီတွေ အမူးသောက်ပြီး သူမကို ကပ်ချွဲနေတဲ့ ခင်ပွန်းရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဝီစကီမူးပြီး ချစ်ရတဲ့ ဇနီးလေးရဲ့ပခုံးကို မှီပြီး ချွဲနေတဲ့ နိုင်းနိုင်းရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ နိုင်းနိုင်းတို့ ဇနီးမောင်နှံရဲ့ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။




စန္ဒီချိုကတော့ “When bae has a whiskey or two ” ဆိုပြီး ချစ်ခင်ပွန်း ဝီစကီသောက်ပြီး သူမကို ချွဲနေတဲ့ ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

ချစ်ဇနီးလေးရဲ့ပခုံးကို မှီပြီး ချွဲနေတဲ့ နိုင်းနိုင်းရဲ့ဗီဒီယို




နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေ၊ နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။




အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးသုံးဦးနဲ့ သားလေး တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲစိတ်ချမ်းသာမှုတွေ အပြည့်ရှိနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်း Ro လွန်းတဲ့ နိုင်းနိုင်းတိုဇနီးမောင်နှံလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။




Myint MyatSource;99 Actor’s Facebook