စိတ်ဝေဒနာရှင် အချင်းချင်းလူသတ်မှု ဖြစ်ပွား

2019-07-27 13:30:35


စိတ်ဝေဒနာရှင် အချင်းချင်းလူသတ်မှု ဖြစ်ပွား

၂၄.၇.၂၀၁၉နေ့ညနေအချိန်၃နာရီအချိန်ဒုရဲအုပ်ဇာနည်ကျော်သည်ရန်ကုန်အရှေ့ပိုင်းခရိုင်ဒဂုံမြို့မရဲစခန်း(ဒဂုံအရှေ့)တွင်တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ်စိတ်ကျန်းမာရေးဆေးရုံကြီး(ရွာသာကြီး)၊


စိတ်ကြွစိတ်ကျအဆောင်တွင်ဆေးကုသမှုခံယူလျက်ရှိသည့် စိတ် ဝေဒနာရှင်လူနာ ဦးဝင်းရင်၊ (၅၇)နှစ်၊ ဆေးရုံမှတ်ပုံတင် အမှတ်(၁၆၈၅၉၇)၊(ဘ)အမှတ်(၄၃၁)၊ပိတောက်လမ်း၊(၅)ရပ်ကွက်၊ကျောက်ကြီးမြို့နယ်၊ပဲခူးတိုင်းဒေသကြီးနေသူသည်


စိတ်ကြွ စိတ်ကျအဆောင်အတွင်းရှိ ရေချိုးခန်းရှေ့တွင် စိတ်ဝေဒနာရှင်လူနာတင်ဝင်း၊(၆၅)နှစ်၊ဆေးရုံမှတ်ပုံတင်အမှတ်(၁၈၀၆၈၅)(ဘ)အမှတ်(မရှိ)၊ရှားခဲရွာ၊ကျုံပျော်မြို့နယ်၊ ရာဝတီတိုင်းဒေသကြီးနေသူ နှင့် ခိုက်ရန်ဖြစ်ပွားပြီး ဦးခေါင်းနာကျင်ဒဏ်ရာများဖြင့်လဲကျနေကြောင်း သတင်းအရ


မမစမှူး ဒုရဲမှူး ကိုကိုလွင် ဦးစီးတပ်ဖွဲ့ဝင်များသက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ထိုသို့သွားရောကြည့်ရှုစစ်ဆေးခဲ့ရာဦးဝင်းရင်အားအခင်းဖြစ်နေရာ၌ပက်လက်အနေအထားဖြင့်လဲကျညည်းငြူနေသည်ကို တွေ့ရှိရပြီး


ယာမျက်လုံးတွင် (၁)လက်မခပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲမျက်ခုံညိုမဲဒဏ်ရာ(၁)ချက်၊ နှာခေါင်းဒဏ်ရာများ တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းခဲ့ရာ အဆိုပါဆေးရုံဆရာဝန်ဒေါက်တာရဲမင်းထက်နှင့်ဒေါက်တာ ဒေါ်နွေးနွေးအိဖြင့် ကျအရ ဦးဝင်းရင်သည် ၂၂.၇.၂၀၁၉ နေ့မှစတင်ရောက်ရှိလာကာ စိတ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူတစ်ဦးဖြစ်ကြောင်း၊


၂၄.၇.၂၀၁၉ရက်နေ့နေ့လည်၁နာရီအချိန်ခန့်က စိတ်ဝေဒနာရှင်တင်ဝင်းနှင့်အချင်းချင်းစကားများရန်ဖြစ်ကြရာကတင်ဝင်းမှဦးဝင်းရင်၏ခေါင်းအားကိုင်၍ကြမ်းပြင်နှင့်ထရိုက်လဲကျသွားခြင်းဖြစ်ကြောင်းပြောပြသိရှိရ၍ဒဏ်ရာရရှိသူဦးဝင်းရင်အားရဲဆေးစာနှင့်အတူမြောက်ဥက္ကလာပဆေးရုံသို့ရဲဆေးစာနှင့်အတူပို့အပ်စဉ်


ညရနာရီအချိန်ခန့်တွင်ရရှိထားသောဒဏ်ရာကြောင့်သေဆုံးသွားသဖြင့်ဦးဝင်းရင်အားသေဆုံးအောင်ထုရိုက်သူတင်ဝင်းကိုအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာဒဂုံအရှေ့ရဲစခန်း(ပ)၉၈၃/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်လှစ်ကာအမှုစစ်အဖြစ်ဒုရဲမှုးကိုကိုလွင်ကစစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရသည်။


Aung Kyaw Oo