အအိပ်မက်သူတွေဟာ သာမန်လူတွေထက် ကျန်းမာရေး ပိုကောင်းစေနိုင်

2019-08-13 17:03:37


အအိပ်မက်သူတွေဟာ သာမန်လူတွေထက် ကျန်းမာရေး ပိုကောင်းစေနိုင်

ကဲ…သင်သာ နည်းနည်းလေးလောက်ပဲ အကောင်းမမြင်တတ်ဘူးဆိုရင် ကျန်းမာရေးညံ့လာပါ လိမ့်မယ်တဲ့။ အကောင်းမြင်တတ်သူတွေက အဆိုးမြင်တတ်သူတွေထက် အိပ်စက်မှုက စိတ်ချမ်းသာ လက်ချမ်းသာ ဖြစ်လေ့ရှိတယ်လို့ လေလာချက်အသစ်တစ်ခုက ဖော်ပြထားပါတယ်။


ကျွန်တော်တို့ရဲ့ နေထိုင်မှုလေးကို ပြောင်းလိုက်မယ်ဆိုရင် စားကောင်းအိပ်ပျော်တဲ့ အကောင်းမြင် သမားတစ်ယောက် ဖြစ်လာမယ်ဆိုတာ အသေခြာပါပဲ။ အီလီနွိုက်တက္ကသိုလ် သုတေသနသမားတွေက အသက်32နှစ်နဲ့ 51နှစ်အရွယ် လူပေါင်3း500ကို အနာဂတ်နဲ့ ပတ်သက်ပြီး-




အကောင်းမြင် မှုနဲ့ တွေ့ကြုံသမျှကို လက်သင့်မခံမှုစတဲ့ အချက်တွေ မေးမြန်းပြီး စစ်တမ်းကောက်ခဲ့ကြပါတယ်။ သုတေသနသမားတွေက အအိပ်မြန်သူတွေနဲ့ အိပ်ချိန်ကြာမြင့်မှုနဲ့ ပတ်သက်ပြီးတော့ အိပ်ပျော်ဖို့ ခက်ခဲတာနှင့် အိပ်ပျော်ဖို့ လွယ်ကူတာတွေရဲ့ လက္ခဏာတွေကို ရှာဖွေခဲ့ကြပါတယ်။




အဲဒီလူတွေထဲမှာမှ အကောင်းမြင်သမားတွေရဲ့ အိပ်စက်မှုက ပိုမြန်လေ့ရှိာကပါတယ်။ အကောင်းမြင်သမားတွေက တစ်ညကို အိပ်ချိန် 6နာရီကနေ 9နာရီထိ ရှိကြပါတယ်တဲ့။ အဆိုးမြင် သမားတွေကတော့ အိပ်ချိန်နည်းကြပါတယ်တဲ့။ အဲဒီလူတွေအတွက်တော့ …ကျိုးနည်းကြီးပါပဲ။




အဲဒီတော့ အကောင်မြင်သမားက အဆိုးမြင်သမားထက် ပိုမိုအိပ်စက်ရတာ နှစ်နှစ်ခြိုက်ခြိုက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ အတိအကျပြောလို့ မရပါဘူး။ ဒါပေမယ့် သီအိုရီတော့ ရှိပါတယ်။ အကောင်းမြင်သမားတွေမှာ စိတ်ဖိအားမရှိသလောက်ပါပဲ၊ အဲဒါကိုက အိပ်စက်ရာ လွယ်ကူစေတာပါပဲ။




အဆိုးမြင်သမားတွေက တစ်ချိန်လုံး စိုးရိမ်ပူပန်နေပြီးတော့ အကောင်းမြင်သမားတွေက အကောင်းမြင်မှုကြောင့် စိုးရိမ်မှုတွေ မရှိပဲ လွယ်လွယ်ပဲ အိပ်စက်နိုင်တာပါပဲ။ ဒါကြောင့်မို့ အိပ်မ ပျော်တဲ့ အခက်ခဲများရှိနေရင် စိတ်ဖိစီးမှုကို ဖျောက်ပြီးတော့ ကောင်းတာလေးတွေ တွေးပေးလိုက် ပါ။ သင့် ကျန်းမာရေးကအစ ပြောင်းလဲသွားပါလိမ့်မယ်။


မင်းနွယ်ခန့် (D Nae Thit & D Nae Khit)


source : Metro