သရဲပုံဖမ်းမိဖို့ ကင်မရာတပ်ခဲ့သူ၊ ချစ်သူနဲ့သားဖြစ်သူတို့ရဲ့ ဖြစ်ချင်တိုင်းဖြစ် ဇာတ်လမ်းကိုသာ တွေ့ခဲ့ရ

2019-08-13 16:55:07


သရဲပုံဖမ်းမိဖို့ ကင်မရာတပ်ခဲ့သူ၊ ချစ်သူနဲ့သားဖြစ်သူတို့ရဲ့ ဖြစ်ချင်တိုင်းဖြစ် ဇာတ်လမ်းကိုသာ တွေ့ခဲ့ရ

သရဲတစ္ဆေတွေအကြောင်းကို အလွန်စိတ်ဝင်စားတဲ့ အမျိုးသားတစ်ယောက်ဟာ သူရဲ့အိမ်မှာ Ghost Hunting Cam တပ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သူ မျှော်လင့်ထားတဲ့ ပုံရိပ်တွေ မဖမ်းမိခဲ့ဘဲ၊ သူ့သားနဲ့ ချစ်သူအမျိုးသမီးတို့ရဲ့ ဖြစ်ချင်တိုင်းဖြစ် ဇာတ်လမ်းကိုသာ တွေ့ခဲ့ရတဲ့အဖြစ်ပါ။


အဆိုပါ သြစတေးလျအမျိုးသားဟာ ကင်မရာတပ်ဆင်ပြီး ရက်အနည်းငယ်အကြာမှာပဲ မှတ်တမ်းဗွီဒီယိုတွေကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ကင်မရာကို နေ့ခင်းပိုင်းမှာ ပိတ်ထားပြီး၊ ညခင်းပိုင်းမှ မှတ်တမ်းတင်မှုတွေကို ပြုလုပ်ခဲ့တာပါ။


တစ်ရက်မှာတော့ ကင်မရာကို နေ့ခင်းပိုင်းမှာ မပိတ်မိဘဲ၊ ဖွင့်ထားမိရက်သာ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ချစ်သူ အမျိုးသမီးဟာ အသက် (၂၈)နှစ်ဖြစ်ပြီး၊ ဆိုရရင် သူနဲ့ချစ်သူဖြစ်နေတာ (၁၁)နှစ်တောင် ရှိနေပါပြီ။ သူဟာ အသက် (၃၀)လောက်မှာ တစ်ခြားအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားဖြစ်သူကို-


မွေးအပြီးမှာ ကွဲခဲ့ကြတာပါ။ အဲဒီနောက် သူက ဒီအမျိုးသမီးနဲ့ အကြောင်းထပ်ပါခဲ့တာပါ။ သူ့သားက အခုဆိုရင် (၁၆)နှစ်သာ ဖြစ်သေးပြီး၊ တစ်နေ့နေ့မှာ အမေနဲ့သားအမိ တော်စပ်ရမယ့် သူတို့နှစ်ယောက်ကို ဒီလို ဖောက်လွှဲဖောက်ပြန် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူးတဲ့။




သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း အလွန်ကြာခဲ့တဲ့အတောအတွင်းမှာ ဒီလိုဖြစ်လိမ့်မယ်လို့လည်း တစ်ခါမှ သံသယမရှိခဲ့ပေမယ့် တကယ်လက်တွေ သိလိုက်ရပြီမို့ ချစ်သူအမျိုးသမီးကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအမှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီအမှုကို Tasmanian supreme court က စစ်ဆေးပြီး ထောင်ခြောက်လ ချခဲ့ပါတယ်။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : EliteReaders