ဆေးဖိုးဝါးခ မတတ်နိုင်တော့လို့ အဆုံးစီရင်လိုက်တဲ့ လူမမာစုံတွဲရဲ့သနားစဖွယ်အဖြစ်

2019-08-13 16:30:40


ဆေးဖိုးဝါးခ မတတ်နိုင်တော့လို့ အဆုံးစီရင်လိုက်တဲ့ လူမမာစုံတွဲရဲ့သနားစဖွယ်အဖြစ်

အမေရိကန် ဝါရှင်တန်မှာ နေထိုင်ကြတဲ့ လူမမာဇနီးမောင်နှံဟာ သူတို့ရဲ့ရေရှည်ဆေးဖိုးဝါးခကို ဘယ်လိုမှ မတက်နိုင်တော့တာကြောင့် အဆုံးစီရင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီဇနီးမောင်နှံမှာ အမျိုးသားဖြစ်သူက ဇနီးကို အရင်သတ်ပြီးမှ၊ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။


သေကြောင်းမကြံစည်ခင် ရေးထားတဲ့ စာရွက်ထဲမှာ သူတို့တစ်တွေဟာ ဈေးကြီးလွန်းတဲ့ ဆေးဖိုးဝါးခကို ဒီထက်ပိုပြီး မတက်နိုင်တော့ကြောင်း ဖော်ပြထားတာပါ။ Ferndale မှာနေထိုင်တဲ့ အသက် (၇၇)နှစ်အရွယ် Brian Jones က ရဲစခန်းကို ဖုန်းခေါ်ပြီး သူတို့ သတ်သေမယ့် အစီအစဉ်ကို ပြောပြခဲ့ပါတယ်။




ရဲတပ်ဖွဲ့ကလည်း ချက်ချင်း ဒီကိစ္စကို တားနိုင်ဖို့ အမြန်ရောက်လာခဲ့ကြပေမယ့်၊ သူတို့ Brian ရဲ့အိမ်ကိုရောက်တော့ နှစ်ဦးစလုံး သေနေကြပါပြီ။ ရဲကို ဖုန်းဆက်စဉ်မှာ ” ကျွန်တော်တို့ အိပ်ခန်းထဲမှာပဲ ရှိနေမယ်နော် … ကျွန်တော် ကိုယ့်ကိုယ်ကို ပစ်သတ်လိုက်တော့မှာ “လို့ ပြောခဲ့ပါတယ်။




Brian နဲ့ (၇၆)နှစ်အရွယ် ဇနီးဖြစ်သူ Patricia Whitney-Jones တို့ဟာ တစ်ဦးနဲ့တစ်ဦး ဖက်လျှက် သေဆုံးနေကြပါတယ်။ သေနတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ ဖြစ်ပါတယ်။ သတင်းမှာ သူတို့တစ်တွေ ဘာရောဂါခံစားနေရတယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။


နေသူရိန် (D Nae Thit & D Nae Khit)


Source : UniLad