ဈေးချိုတဲ့ အင်စူလင်ဆေးပြားတွေကြောင့် မသေသင့်ဘဲ သေခဲ့ရသူ

2019-08-13 16:29:31


ဈေးချိုတဲ့ အင်စူလင်ဆေးပြားတွေကြောင့် မသေသင့်ဘဲ သေခဲ့ရသူ

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးတွေကို ၀ယ်သောက်တာပဲဖြစ်ဖြစ်၊ ရောဂါကြောင့် ဆေးဝယ်ရတာပဲ ဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုပဲ သောက်သင့်ပါတယ်။ အခုလည်း ဒီဖြစ်ရပ်က ဈေးပေါတဲ့ ဆေးတွေနဲ့ ကိုယ့်ကျန်းမာရေးကို အလွဲသုံးစားလုပ်ရင် မဖြစ်သင့်တာတွေ ဖြစ်တတ်တာကို ဖော်ပြနေပါတယ်။


ဗာဂျီးနီးယားပြည်နယ်မှာနေတဲ့ ၀ီကာဆမ်ဆိုတဲ့ အမျိုးသားရဲ့ အဖြစ်က တကယ်တမ်းအပြစ်ပြောလို့လည်း မရတဲ့အနေအထားပါ။ ရောဂါကြောင့် သွေးတွင်း အင်စူလင်လိုအပ်ချက်အတွက် ဆရာဝန်က သောက်ရမယ့်ဆေးနဲ့ အညွန်းကို ပြောပြထားပါတယ်။ ရောဂါအခြေအနေအရ အချိန်မှန် အသုံးပြုနေရာမှာဖြစ်ပြီး၊ ပျက်ကွက်သွားလို့မရပါဘူး။




ဒါပေမဲ့ ဆရာဝန်ညွန်ကြားထားတဲ့ ဈေးကဈေးကြီးလွန်းနေတဲ့အတွက် ကုန်တိုက်တွေမှာ လွယ်လွယ်ကူကူပဲရတဲ့ အင်စူလင်ဆေးပြားတွေကိုရေဖျာ်ပြီး၊ သောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (၂၅)ဒေါ်လာလောက်ပဲဈေးပေးရတဲ့ဆေးဟာ ဆရာဝန်ညွန်ကြားထားတဲ့ ဒေါ်လာ (၁၂၀၀)အထိကျမယ့် ဈေးနဲ့စာရင် အများကြီးမှ အများကြီးသက်သာနေပါတယ်။




ဒီလိုလုပ်ရတဲ့အကြောင်းကလည်း တစ်နာရီအလုပ်လုပ်မှ (၁၆)ဒေါ်လာပဲရတဲ့ ၀ီကာဆမ်အတွက်တော်တော်လေးကို အထောက်အကူဖြစ်ပါတယ်။ ပုံမှန်သုံးနေခဲ့ပြီး၊ အဆင်ပြေနေတယ်လို့ ထင်ခဲ့ပေမဲ့ တစ်ရက်မှာတော့ သူအလုပ်လုပ်နေတဲ့လုပ်ငန်းခွင်မှာ အိပ်လျက်သား သေဆုံးနေခဲ့ပါတယ်။ သေဆုံးမှုကို ခွဲစိတ်လိုက်ချိန်မှာတော့ သွေတွင်းသကြားဓာတ်က ပုံမှန်ထက် (၁၇)ဆမြင့်တက်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။




ဒီဖြစ်ရပ်ဖြစ်ပွားအပြီးမှာတော့ နိုင်ငံအတွင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် အင်စူလင်တွေဈေးကြီးနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ရရေးကို တိုက်ပွဲဝင်သွားဖို့ကို လူတွေက လှုံ့ဆော်ခဲ့ကြပါတယ်။ ၀ီကာဆမ်ဒီဈေးတွေဝယ်သောက်နေတာကို ရည်းစားဖြစ်သူကသိပေမဲ့ အဆင်ပြေမယ်ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။


သူရေူး (D Nae thit)