ခြ​င်္သေ့ကို ဟဲဗီးမက်​တယ်​သီချင်းဖွင့်​ပြီး ​ခြောက်​လှန့်​လွှတ်​လိုက်​တဲ့အမျိုးသမီး

2019-08-13 16:20:59


ခြ​င်္သေ့ကို ဟဲဗီးမက်​တယ်​သီချင်းဖွင့်​ပြီး ​ခြောက်​လှန့်​လွှတ်​လိုက်​တဲ့အမျိုးသမီး

က​နေဒါနိုင်​ငံက အသက့်​ ၄၅ နှစ်​အရွယ်​ Dee Gallant ဆိုတဲ့အမျိုးသမီးဟာ ​​ခွေး​လေးနဲ့အတူ ​​တောအုပ်​​လေးထဲ လမ်းေ​လျှာက်​ထွက်​​ခဲ့ပါတယ်​။ ​တောအုပ်​ထဲကို ခရီးမိုင်​နည်းနည်း​​လောက်​​ ​လျှောက်​ပြီးချိန်​မှာ​တော့ သူနဲ့သူ့​ခွေး​လေးကို ခြ​င်္သေတစ်​​ကောင်​က ​နောက်​က​နေတိတ်​တဆိတ်​​ချောင်းပြီး တရိပ်​ရိပ်​နဲ့ ​ခြေသံလုံလုံလိုက်​ပါလာခဲ့တာကို Dee နားလည်​သ​ဘော​ပေါက်​သွားခဲ့ပါတယ်​။


တောအုပ်​ထဲက​နေချက်​ချင်းပြန်​လှည့်​ထွက်​လာခဲ့ပြီး သူဟာ ခြ​င်္သေ့ တစိ​ကောင်​ကို ဒီ​လောက်​ထိအနီးကပ်​မမြင်​ဖူးတာ​​ကြောင့်​ အလွန်​အမင်း စိတ်​လှုပ်​ရှားအံ့အားသင့်​​နေခဲ့တာပါ။ ခြ​င်္သေ့ ကို ​အော်​ထုတ်​လိုက်​​ပေမယ့်​ ခြ​င်္သေ့မမှုပါဘူး။ ခြ​င်္သေကိုမျိုးစုံ​ပြောဆိုပြီး ​အော်​ဟစ်​​မောင်းထုတ်​ကြိမ်း​မောင်း​နေ​ပေမဲ့ ခြ​င်္သေ့ကြီးတုတ်​တုတ်​မှမလှုပ်​ပါဘူး။ သူတို့ကို ရင်​ဆိုင်​မြဲရင်​ဆိုင်​​နေဆဲပါပဲ။


Dee ဟာ သူ့ဖုန်းကိုထုတ်​ပြီး မက်​တယ်​လစ်​ကာ ဆိုတဲ့ ​ရော့ခ်​ဂီတဝိုင်းရဲ့ အဆုညံဆုံးပါဆိုတဲ့ ဟဲဗီးမက်​တယ်​သီချင်းတစ်ပုဒ် ​​ဖွင့်​ပစ်​လိုက်​ပါ​တော့တယ်​။ “Don’t Tread On Me” ဆိုတဲ့ သီချင်းကိုဖွင့်​ပစ်​လိုက်​တာဖြစ်​ပြီး ဒီအချိန်​မှာ​တော့ ခြ​င်္သေ့ဟာ သီချင်းအဖွင့်​ပိုင်းက အပြင်းစားဒရမ်​ရိုက်​ချက်​ဆူညံသံနဲ့ အတူ အဆို​တော်​ကြီး ဂျိမ်းဟက်​ဖီးရဲ့အသံပါဝါအားကို ကြားလိုက်​မိတဲ့အခိုက်​မှာပဲ ​ကြောက်​ရွံ့ထိတ်​လန့်​ပြီး သုတ်​သီးသုတ်​ပျာနဲ့ ​ပြေးထွက်သွားခဲ့တာပါ။ Dee က​တော့ ​တောအုပ်​ထဲက​နေ အိမ်​​ရောက်​တဲ့အထိ ဒီသီချင်းကိုသာ​တောက်​​လျှောက်​ဖွင့်​ပြီးပြန်​လာခဲ့​တော့တာပါ။


Dee ဟာ ဒီအဖြစ်​အပျက်​အစအဆုံးကို ရုပ်​သံမှာပြန်​လည်​​ပြောပြသွားခဲ့တာဖြစ်​ပြီး သူဟာ ခြ​င်္သေ့ကို​ ​ခြောက်​လှန့်​လွှတ်​ပြီး ​မောင်းထုတ်​နို​င်​ဖို့ ၅ မိနစ်​​ကျော်​ကြာခဲ့​ပေမဲ့ သူဟာနည်းနည်းမှမတုန်​လှုပ်​ခဲ့​ကြောင်း ဆိုပါတယ်​။


အာဂသတ္တိကြီးမားသူ အမျိုးသမီးကြီး Dee က ” ဒါက​တော်​​တော်​မိုက်​တဲ့အ​တွေ့အကြုံပါ။ ခြ​င်္သေ့ တစ်​​ကောင်​ကို ဒီ​လောက်​အချိန်​ကြာကြာ မြင်​ခွင့်​ရလိုက်​တယ်​​လေ။ စိတ်​လှုပ်​ရှားဖို့​ကောင်းခဲ့ပါတယ်​။ မက်​တယ်​လစ်​ကာအဖွဲ့က ကျွန်​မကိုဘုရားစူးကယ်​တင်​ခဲ့တာပာ ” လို့ ​ပြောပြသွားခဲ့ပါတယ်​။


EFIL-AlinnMyay(အလင်းမြေ)