ကလေးကို မအိပ်ပဲ ငိုလွန်းလို့ ခေါင်းကနေကိုင် ပစ်ချသတ်လိုက်တဲ့ ဖခင်

2019-08-13 16:10:36


ကလေးကို မအိပ်ပဲ ငိုလွန်းလို့ ခေါင်းကနေကိုင် ပစ်ချသတ်လိုက်တဲ့ ဖခင်

ကလေးငယ်ကိုမအိပ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါင်းကနေပစ်ချသတ်ဖြတိခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။


အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖခင်တစ်ယောက်ဟာ အသက် ၅လသာရှိသေးတဲ့ သူရဲ့မွေးကင်းစကလေးငယ်ကို သတ်ဖြတ်မှုနဲ့တရားစွဲဆိုခံထားရတာပါ။ ကလေးငယ်ကိုစောင့်ရှောက်ပြီးကလေးထိတ်နေတဲ့အချိန်မှာ သူလုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုကြောင့် ကလေးငယ်ဟာ ဦးခေါင်းဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ဦးခေါင်းခွံကွဲကာသေဆုံးခဲ့ရပါတယ်။


ဖခင်ဖြစ်သူက ကလေးငယ်ဟာ အငိုတိတ်ဖို့ခက်ပြီး ဂျီကျလွန်းတဲ့ဒဏ်ကိုမခံနိုင်လို့ အဲ့လိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ သူဟာ သားငယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခေါင်းကနေ ကြမ်းပြင်ပေါ်ကိုပစ်ချခဲ့ပြီး ကလေးငယ်ဟာ အောက်ကိုပြုတ်ကျကာခေါင်းနဲ့ကြမ်းပြင်နဲ့တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။




အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ကလေးငယ်ကိုပိုပြီးငိုကာ ဂျီကျတတ်ပြီး တခါတရံမှာ လုံးဝငြိမ်ကျသွားတတ်တဲ့ထူးဆန်းတဲ့ အပြုအမူတွေလုပ်လာတာကို သတိထားမိခဲ့တဲ့ မိခင်ဖြစ်သူဟာ အရေးပေါ်ဌာနကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။


ကလေးငယ်ကို အလျင်အမြန်ဆေးရုံကိုပို့ဆောင်ခဲ့ပေးကြပေမယ့် ကုသမှုခံယူပြီး ငါးရက်အကြာ ကလေးငယ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ပြောပြချက်အရ ကလေးငယ်ဦးခေါင်းမှာရခဲ့တဲ့ဒဏ်ရာဟာ ပြင်းထန်လွန်းလို့ အသက်ရှင်သန်ခဲ့မယ်ဆိုရင်တောင် တစ်သက်လုံး မျက်စိမမြင်၊နားမကြားဖြစ်ကာ ကိုယ်လက်အဂါင်္တွေမလှုပ်ရှားနိုင်တော့တဲ့ ဘ၀နဲ့ အသက်ဆက်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။




ကလေးငယ်ရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးခဲ့တဲ့အခါမှာ ကလေးငယ်ဆေးရုံမတတ်ခင် တစ်ပတ်လောက်အလိုကတည်းက ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းကိုသိရှိခဲ့ပြီးဖခင်ဖြစ်သူကိုဖမ်းဆီးနိုင်ခဲ့တာပါ။ တရားခံဖြစ်တဲ့ဖခင်ကို အခုလာမယ့် သောကြာနေ့မှာစီရင်ချက်ချမှာဖြစ်တယ်လို့သိရပါတယ်။


Yenin​ Phawah-AlinnMyay​(အလင်းမြေ)


Source- The Sun