ရေလွှမ်းခံ​နေရတဲ့ ပြည်​သူ​တွေအတွက်​ ​ဒေါ်ခင်​ကြည်​​​ဖောင်​​ဒေးရှင်းရဲ့အလှူများ

2019-08-13 15:42:21


ရေလွှမ်းခံ​နေရတဲ့ ပြည်​သူ​တွေအတွက်​ ​ဒေါ်ခင်​ကြည်​​​ဖောင်​​ဒေးရှင်းရဲ့အလှူများ

မြန်​မာပြည်​သူ​တွေဟာ လက်​ရှိအချိန်​မှာ ​ရေကြီးပြီး​မြေပြိုတဲ့ သဘာဝ​ဘေးအန္တရာယ်​​တွေကို ​ကြောက်​မက်​ဖွယ်​ခံစား​နေရပြီး ​ရေကြီး​မြေပြိုဒုက္ခ​တော​ထဲကို ကျ​ရောက်​​နေတာဖြစ်​ပါတယ်​။


မြန်​မာပြည်​ရဲ့ တနသာင်္ရီတိုင်းနဲ့ မွန်​ပြည်​နယ်​မှာ နှစ်​​ပေါင်း ၆၀ ​ကျော်​အတွင်း အဆိုးရွားဆုံး ​ရေကြီး၊​ရေလျှံ၊ ​ရေမြုပ်​တဲ့ဒဏ်​ကိုခံစား​နေရပြီး ​ရေးမြို့မှာဆိုရင်​ မြို့ရဲ့ ၈၀ ရာခိုင်​နှုန်းက​နေ ၉၀ ရာခိုင်နှုန်းအထိဟာ ​ရေ​အောက်​​ရောက်​လုနီးပါးဖြစ်​​နေပြီလို့ ​နေ့စဉ်လို ​သတင်း​တွေကြားသိ​နေရတာဟာ အင်​မတန်​ဝမ်းနည်းစိတ်ထိ​ဖွယ်​ရာ​ကောင်းလှပါတယ်​။


ရက်​​ပေါင်းဆက်​တိုက်​ မိုးကြီးသည်းထန်​ခဲ့ပြီးတဲ့​နောက်​မှာ အခုလိုအဖြစ်​ဆိုးမျိုးကို မြန်​မာပြည်​သူ​တွေ ကြုံ​တွေ့ခံစားခဲ့ရတာဖြစ်​ပြီး အသက်​အိုးအိမ်​​စည်းစိမ်​​တွေ​သေ​ကြေပျက်​စီး​နေဆဲဖြစ်​သလို အခုချိန်​ထိ ဒုက္ခ​တောထဲကမလွတ်​နိုင်​ကြ​သေးပါဘူး။


ဒါဟာ ရင်​နာစရာသိပ်​​ကောင်းတဲ့မြင်​ကွင်း​တွေကို ​နေ့စဉ်​မပြတ်​ကြုံ​နေခဲ့ရပြီး ကြားသိ​နေခဲ့ရတဲ့ ပြည်​သူ​အ​ပေါင်းကလဲ ကယ်​ဆယ်​​ရေးနဲ့လှူဒါန်းမှု​တွေကို ​ငွေ​ကြေးအားဖြင့်​၊ စားနပ်​ ရိက္ခာပို့​ဆောင်​ခြင်းအားဖြင့်​ တတပ်​တအားနဲ့ ​ရေ​ဘေးသင့်​ပြည်​သူ​တွေကို ဝိုင်းဝန်းကူညီ​ပေး​နေကြတာလဲ ဝမ်း​မြောက်​ဝမ်းသာဖွယ်​ရာသိရှိမြင်​​တွေ့ခဲ့ရတာပါ။


အခုတစ်​ကြိမ်​မှာ​တော့ ​ခေါ်ခင်​ကြည်​​ဖောင်​​ဒေးရှင်းက​နေလဲ ​ရေ​ဘေးအန္တရာယ်​ကြုံ​တွေ့​ရင်​ဆိုင်​​နေရတဲ့ ​ရေလွှမ်းခံပြည်​သူ​တွေအတွက်​ အဓိကလိုအပ်​ချက်​ဖြစ်​​နေတဲ့ အစားအစာအာဟာရ၊ သယ်​ယူပို့​ဆောင်​​ရေးနဲ့ သက်​ကယ်​​ရေးအတွက်​ လိုအပ်​မယ့်​​ဖိုက်​ဘာေ​လှ​တွေကို သွား​ရောက်​လှူဒါန်း​နေပြီ လို့ သတင်း​ကောင်းတစ်​ခုအ​နေနဲ့ သိရပါတယ်​။




ရေးမြို့က ရေးမြို့မီးလင်းရေးကော်မတီရုံးနှင့် ပြည်သူ့အားကစားရုံ​ စတဲ့​နေရာ​တွေမှာ ရောက်ရှိခိုလှုံ​နေကြရတဲ့ ရေဘေးသင့်ပြည်သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဓာတ်ဆားထုတ်​တွေ၊ ရေသန့်နှင့် ဆေးဝါး​တွေ၊ တာလပတ် ၊ ခေါက်ဆွဲခြောက်ထုပ်​တွေ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း နှင့် အတွင်းခံ​တွေ၊ က​လေးဒိုင်​ပါ​တွေ၊




လက်နှိပ်ဓါတ်မီး နဲ့ ဓါတ်ခဲ​တွေ စသဖြင့်​ ကျပ်​ ၁၃သိန်း​ကျော်​တန်​ဖိုးရှိ လှူဒါန်းမှု​တွေကို မ​နေ့က လှူဒါန်းပေးခဲ့ပြီးဖြစ်​တယ်​လို့ သိရပါတယ်​။ ရေးမြို့​ပေါ်က ရေဘေးသင့်စခန်း​တွေမှာပါ ဆန်အိတ်၊ ထမင်းထုပ်၊ ရေသန့်ဗူး နဲ့ ခေါက်ဆွဲခြောက်ထုပ်​တွေလဲ လုံလောက်စွာရှိ​နေတယ်​လို့လဲ သိရပါတယ်​။




ဒါ့အပြင်​ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်က ရေဘေးကယ်ဆယ်ရေးစခန်း​တွေဖြစ်​တဲ့ အ.လ.က(ခွဲ) အထရံ၊ အ.မ.က (မူလွန်)၊ ထားဝယ်ကျောင်းတိုက် နှင့် ရသေ့ကျောင်းတိုက်တို့မှာ ခိုလှုံ​နေရတဲ့ ရေဘေးသင့် အိမ်ထောင်စု​တွေအတွက်​ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက​နေ ဆန်အိတ်​၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ထုပ်​​တွေ နှင့် ရေသန့်ဘူး​တွေကို သွား​ရောက်​ လှူဒါန်း​နေတယ်​လို့ ဝမ်း​မြောက်​ဖွယ်​ရာသိရပါတယ်​။




သဘာဝဒုက္ခ​ဘေး​တွေ​ကြောင့်​ အကြီးအကျယ်​​ဒုက္ခ​ရောက်​ရှိ​နေတဲ့ ဒုက္ခသည်​ပြည်​သူ​တွေရဲ့ဘဝအ​ပေါင်း အမြန်​ဆုံး​ဘေးကင်းစိတ်​ချလုံခြုံကြပါ​စေလို့ လှိုက်​လှိုက်​လှဲလှဲ ဆု​တောင်း​နေမိတာ မြန်​မာပြည်​သူအားလုံးနဲ့အတူ ရင်​ထဲကဆန္ဒပါ။


EFIL-AlinnMyay(အလင်းမြေ)


Source-Daw Khin Kyi Foundation